Main menu

ကန့်ဘလူမြို့သီးနှံဈေးကွက်၌ ပဲစဉ်းငုံဈေးနှုန်းဆက်လက်ကျဆင်း

Powered by Drupal

      မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် နိုင်ငံဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင်လည်း သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ရေ၊ မြေ၊ ရာသီဥတုနှင့်ကိုက်ညီသည့် ပဲစဉ်းငုံသီးနှံကို အဓိကစိုက်ပျိုးလျက်ရှိကြောင်း စိုက်ပျိုးရေး ဦးစီးဌာန၏ စာရင်းများအရ သိရသည်။

   ကန့်ဘလူမြို့နယ်၌ စိုက်ပျိုးသည့်ပဲစဉ်းငုံမျိုးအနေဖြင့် အစေ့အနီရောင်မျိုးနှင့် အစေ့အဖြူ ရောင်မျိုးဟူ၍ (၂)မျိုးရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ပဲစဉ်းငုံနီ(၁)တင်းလျှင် (၇၄၀၀၀)ကျပ်၊ ပဲစဉ်းငုံဖြူ(၁)တင်းလျှင် (၇၂၀၀၀)ကျပ်နှင့် ညံ့လျှင်(၇၁၅၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း၊ ယခုလ တတိယပတ်အတွင်း ပဲစဉ်းငုံနီ(၁)တင်း လျှင်(၄၀၀၀)ကျပ်နှင့် ပဲစဉ်းငုံဖြူ(၁)တင်းလျှင် (၃၅၀၀)ကျပ် ဆက်လက်ကျဆင်းသွားကြောင်း၊ ဒေသထွက်ပဲစဉ်းငုံများကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း၊ သီးနှံ ရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရသည်။

Doca(စစ်ကိုင်း)