Main menu

 ကန့်ဘလူမြို့ပဲဈေးကွက်၌ ဈေးနှုန်းကျဆင်းနေသာ ပဲဇီးကွက်

Powered by Drupal

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ပဲဇီးကွက်သီးနှံကို ကန့်ဘလူမြို့နယ် ဆန္ဒယားကျေးရွာ၊ ကံကြီးကုန်းကျေးရွာနှင့် အခြားသောကျေး ရွာများတွင်လည်း စိုက်ပျိုးကြောင်း သိရှိရသည်။

       ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ပဲဇီးကွက်တစ်တင်းလျှင် (၁၀၀၅၀၀)ကျပ်၊ အကွဲအနာပါလျှင်(၁၀၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဩဂုတ်လ ဒုတိယပတ် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက တတိယပတ်အတွင်း ပဲဇီးကွက်သီးနှံ(၁)တင်းလျှင် (၁၀၀၀၀)ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း၊ ကန့်ဘလူမြို့နယ်မှ ထွက်ရှိသော ပဲဇီးကွက်သီးနှံများကို မန္တလေးမြို့ ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့လျက်ရှိကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

Doca(စစ်ကိုင်း)