ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ၂၀၂၅ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့မှ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့အထိ သက်ရောက်မှုရှိမည့် ၂၀၂၅-၂၆ ရာသီနှစ် အတွက် ပြောင်းသီးနှံ တရားဝင်ဝယ်ယူရမည့် ဈေးနှုန်းများကို ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ ကြိုတင်ဝယ်ယူမှုစနစ်သည် တောင်သူများအား သင့်တင်မျှတမှုမရှိသော စျေးနှုန်းသတ်မှတ်ခြင်း များမှ ကာကွယ်ပေးရန်နှင့် တိရစ္ဆာန်အစာစပ် စက်ရုံများနှင့် ပြောင်းသီးနှံ စုဆောင်းဝယ်ယူရောင်း ချသူများ အပါအဝင် တိရစ္ဆာန်မွေးမြူရေးအစာ လုပ်ငန်းနယ်ပယ်ရှိ ဝယ်ယူသူများအတွက် စံသတ်မှတ်ချက်များကို ရှင်းလင်းစေရန် ရည်ရွယ်ကြောင်း သိရှိရသည်။
အစိုဓာတ် ၃၀% ပါဝင်သော လတ်ဆတ်သည့် ပြောင်းသီးနှံကို Phetchabun, Kamphaeng Phet, Chaiyaphum, Phichit နှင့် Uthai Thani စသည့် ပြည်နယ်များတွင် တစ်ကီလိုဂရမ်လျှင် ၇.၀၅ ဘတ်နှုန်းဖြင့် သတ်မှတ်ဝယ်ယူမည်ဖြစ်ကြောင်း၊ အခြားသော ပြည်နယ်များတွင်မူ ဒေသ အလိုက်သတ်မှတ်ထားသည့် စျေးနှုန်းများဖြင့် ဝယ်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အစိုဓာတ် ၁၄.၅% ပါဝင်သော ခြောက်သွေ့သည့် ပြောင်းသီးနှံကို ဘန်ကောက်မြို့နှင့် အနီးပတ်ဝန်းကျင်ရှိ ပြည်နယ်များ၌ ပြောင်းကြိတ်စက်ရုံများတွင် တစ်ကီလိုဂရမ်လျှင် ၉.၈၀ ဘတ်ဖြင့် ဝယ်ယူမည် ဖြစ်ပြီး ပြည်တွင်းကုန်သွယ်မှုဦးစီးဌာနမှ သတ်မှတ်ထားသော သယ်ယူပို့ဆောင်စရိတ်များနှင့် အစိုဓာတ်ပါဝင်မှုအလိုက် ဖြတ်တောက်လျှော့ချမည့် နှုန်းထားများအပေါ် အခြေခံ၍ ထိန်းညှိသွား မည်ဖြစ်ကြောင်း သိရှိရသည်။
ကုန်ကြမ်းစုဆောင်းရောင်းချသူများနှင့် တိရစ္ဆာန်အစာကြိတ်စက်များသည် ၀ယ်ယူရေးနယ် မြေအားလုံးတွင် ၀ယ်ယူသည့်စျေးနှုန်းများနှင့် အစိုဓာတ်ပါဝင်မှုအလိုက် ဖြတ်တောက်လျှော့ချမည့် နှုန်းထားများကို ရှင်းလင်းမြင်သာစွာ ပြသထားရမည် ဖြစ်ကြောင်း၊ အဆိုပါစည်းမျဉ်းစည်းကမ်း စတင်အာဏာတည်ခြင်းမတိုင်မီ သဘောတူညီခဲ့ကြသော စာချုပ်များကို ၎င်းတို့၏ မူရင်းအခြေ အနေအတိုင်း ဆက်လက်ကျင့်သုံးနိုင်ကြောင်း၊ စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီမှုရှိစေရန် စစ်ဆေးမှုများကို ပြည်နယ်ကူးသန်း ရောင်းဝယ်ရေးရုံးများက ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိ ရသည်။
စည်းမျဉ်းစည်းကမ်းအတိုင်း မဝယ်ယူခြင်း၊ အကြောင်းပြချက်မရှိဘဲ ဝယ်ယူမှုအား နှောင့် နှေးစေခြင်း သို့မဟုတ် မဖြစ်နိုင်လောက်အောင် နိမ့်ကျသည့် စျေးနှုန်းဖြင့် ဝယ်ယူခြင်းစသော စည်း မျဉ်းချိုးဖောက်မှုများအား ၁၉၉၉ ခုနှစ်၊ ကုန်စည်နှင့် ၀န်ဆောင်မှုများ၏ စျေးနှုန်းဆိုင်ရာ အက် ဥပဒေအရ တရားစွဲဆိုနိုင်ကြောင်း၊ ပြစ်ဒဏ်များတွင် ၇ နှစ်အထိ ထောင်ဒဏ်၊ ဘတ် ၁၄၀,၀၀၀ အထိ ငွေဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်ကြောင်း သိရှိရသည်။
ယခုထုတ်ပြန်ချက်သည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ သွင်းကုန်ဆိုင်ရာ စီမံဆောင်ရွက်မှု များနှင့်အညီ ၂၀၂၆ ခုနှစ်အတွင်း ကုန်စည်တင်သွင်းမှုများနှင့်လည်း ချိတ်ဆက်လျက်ရှိကြောင်း၊ ပြောင်းသီးနှံနှင့် ဂျုံတင်သွင်းသူများသည် ပြည်တွင်းမှထွက်ရှိသော ပြောင်းသီးနှံကို သုံးအချိုးတစ် (၃:၁) စနစ်ဖြင့် ဝယ်ယူရမည်ဖြစ်ပြီး တရားဝင်စျေးနှုန်းသတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိကြောင်း သက်သေပြချက်ကိုလည်း တင်ပြရမည်ဖြစ်ကြောင်း၊ စိုးရိမ်ဖွယ်ရာ အခြေအနေများ သို့မဟုတ် စည်းမျဉ်းစည်းကမ်း ချိုးဖောက်မှုများကြုံတွေ့ရပါက တိုက်ရိုက်ချက်ချင်း ခေါ်ဆိုနိုင်သည့် တယ်လီ ဖုန်းလိုင်းအမှတ် ၁၅၆၉ (Hotline 1569) မှလည်းကောင်း၊ နန်ထဘူရီမြို့ စာပို့သင်္ကေတ ၁၁၀၀၀ ရှိ စာတိုက်သေတ္တာအမှတ် ၁၅၆ (P.O. Box 156, Nonthaburi 11000) သို့ စာဖြင့်လည်းကောင်း၊ အွန်လိုင်းဝက်ဘ်ဆိုက် www.dit.go.th မှတစ်ဆင့်လည်းကောင်း ပြည်တွင်းကုန်သွယ်ရေး ဦးစီး ဌာနသို့ သတင်းပို့တိုင်ကြားနိုင်ကြောင်း သိရှိရပါသည်။
Source: NBT World, 1 September 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)