
ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမခုနစ်လပတ်တွင် ဥရောပသမဂ္ဂ (EU) ဈေးကွက်သို့ ကန်ဒေါ်လာ ၂.၈၇ ဘီလီယံတန်ဖိုးရှိ ကုန်ပစ္စည်းများ တင်ပို့ခဲ့ပြီး ယမန်နှစ် အလားတူကာလကထက် ဒေါ်လာ ၂.၄၃ ဘီလီယံမှ ၁၈ ရာခိုင်နှုန်း တိုးလာသည်ဟု တရားဝင်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အီးယူဈေးကွက်သည် ယခုနှစ် ဇန်နဝါရီမှ ဇူလိုင်လအတွင်း ကမ္ဘောဒီးယားနိုင်ငံ၏ စုစု ပေါင်း ပို့ကုန်ပမာဏ၏ ၁၆.၁ ရာခိုင်နှုန်းရှိပြီး ဒေါ်လာ ၁၇.၇၂ ဘီလီယံရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြုစုသော အစီရင်ခံစာတွင် ဖော်ပြထားသည်။
ကမ္ဘောဒီးယား၏ အီးယူနိုင်ငံများရှိ ထိပ်တန်းပို့ကုန်တင်ပို့သောနိုင်ငံ ၅ နိုင်ငံမှာ စပိန်၊ နယ်သာလန်၊ ဂျာမနီ၊ ပြင်သစ်နှင့် ဘယ်လ်ဂျီယံတို့ဖြစ်ကြောင်း အစီရင်ခံစာအရသိရပါသည်။
Source: Xinhua
DOCA (ရန်ကုန်)