Main menu

အမေရိကန်၏ သွင်းကုန်ခွန်ထိုးစစ်များကြားတွင် မက္ကဆီကိုသည် ကနေဒါနှင့် ကုန်သွယ်မှု အခွင့်အလမ်းများပိုမိုရှာဖွေလျက်ရှိ

Powered by Drupal

           မက္ကဆီကိုနိုင်ငံသည် လွတ်လပ်သော ကုန်သွယ်မှုဆိုင်ရာ အမေရိကန်-မက္ကဆီကို-ကနေဒါသဘောတူညီချက် (USMCA) ကိုကျော်လွန်၍ ကနေဒါနှင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးချဲ့ရန် ကြိုးပမ်းနေကြောင်း သမ္မတ Claudia Sheinbaum က သြဂုတ်လ ၂၀ ရက် နေ့တွင် ပြောကြားခဲ့သည်။ မက္ကဆီကိုတွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရန်၊ တိုက်ရိုက်ကုန်သွယ်မှု တိုးချဲ့ရန်နှင့် ပညာရေးဆိုင်ရာ ကိစ္စရပ်များကို ကနေဒါနိုင်ငံမှ သဘောတူညီခဲ့ကြောင်း Sheinbaum မှ ပြောကြားခဲ့ပြီး မက္ကဆီကိုရှိ ကနေဒါသတ္တုတူးဖော်ရေး လုပ်ငန်းများနှင့် ပတ်သက်သည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကိုလည်း ပြောကြားခဲ့ကာ သြဂုတ် လ ၁၉ ရက်နေ့ ဆွေးနွေးပွဲအတွင်း နောက်ထပ် စည်းမျဉ်းများကို ဆွေးနွေးခဲ့ကြောင်း သိရ သည်။ USMCA စာချုပ် တည်ရှိနေသော်လည်း လာမည့်နှစ်တွင် ပြန်လည်သုံးသပ်မည့် မော်တော်ကား၊ အလူမီနီယမ်နှင့် သံမဏိ တင်ပို့မှုအပေါ် ကမ္ဘာလုံးဆိုင်ရာ အမေရိကန် အခွန်ကောက်ခံမှုများသည် မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့အား ထိခိုက်စေနိုင်ကြောင်းသိရသည်။ ထို့အပြင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် သြဂုတ် ၁ ရက်မှစတင်၍ ကနေဒါ သွင်းကုန်များအပေါ် အခွန် ၂၅ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းသို့ တိုးမြှင့်ခဲ့သော်လည်း ကုန်သွယ်မှု သဘောတူညီချက်အတွက် မက္ကဆီကိုနှင့် လက်ရှိအကောက်ခွန်နှုန်းထားများကို ရက် ၉၀ သက်တမ်းတိုးရန် သဘောတူခဲ့သည်။

Source: Xinhua

DOCA (ရန်ကုန်)