
ဖိလစ်ပိုင်အစိုးရသည် စီးပွားရေးတိုးတက်ကောင်းမွန်မှုများနှင့် ဘဏ္ဍာရေးအခြေအနေ ခိုင်မာလာခြင်းတို့ကြောင့် ၂၀၃၀ ခုနှစ်တွင် ပီဆို ၇ ထရီလီယံအထိ ရရှိရန်မျှော်မှန်းထားကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန (DOF) ၏ ထုတ်ပြန်ချက်အရ သိရပါသည်။ သြဂုတ်လ ၂၀ ရက်နေ့တွင် ဘဏ္ဍာရေးမှူးဆိုသူ Ralph Recto က အစိုးရသည် ၂၀၃၀ ခုနှစ်တွင် ဝင်ငွေ ၇.၁၃ ထရီလီယံ ရရှိရန် စီမံကိန်းများရေးဆွဲနေပြီး ပိုမိုသန်မာကောင်းမန်သော ဘဏ္ဍာနှစ်ကို ဦးတည်နေကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းက ပြည်တွင်းဝင်ငွေဗျူရို (BIR) သည် ပီဆို ၅.၅၁ ထရီလီယံ ထောက်ပံ့ ပေးမည်ဖြစ်ပြီး အခွန်ဗျူရို (BOC) သည် ပီဆို ၁.၂၈ ထရီလီယံ ထုတ်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ Recto ၏ အဆိုအရ အဆိုပါဝင်ငွေအလားအလာခန့်မှန်းခြေသည် အစိုးရ ဝင်ငွေထုတ်လုပ်မှုလမ်းကြောင်းကို အရှိန်အဟုန်မြှင့်ရန်ရည်ရွယ်၍ အသစ်ထုတ်ပြန်လိုက်သည့် မြို့ပြစျေးကွက်အကျိုးဖြစ်ထွန်းမှုမြှင့်တင်ခြင်းဥပဒေနှင့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများတွင် အခွန် ပေးဆောင်ရခြင်းစသည့် ဥပဒေသစ်များထုတ်ပြန်လိုက်ခြင်း၏ အကျိုးသက်ရောက်မှုကြောင့် ဖြစ်ကြောင်း သိရပါသည်။ ယခုနှစ်တွင် အစိုးရ၏ အသုံးစရိတ် ပီဆို ၆.၀၈ ထရီလီယံသည် အခွန်ဝင်ငွေ ပီဆို ၄.၅၂ ထရီလီယံနှင့် အခွန်မဟုတ်သောဝင်ငွေ ပီဆို ၃၀၆.၅ ဘီလီယံ တို့ထက် ကျော်လွန်၍ ထုတ်ပေးရခြင်းကြောင့် ဘဏ္ဍာရေးလိုငွေ ပီဆို ၁.၅၆ ထရီလီယံ ရှိခဲ့ကြောင်း သိရှိရပါသည်။
Source: Philstar
DOCA (ရန်ကုန်)