Main menu

အထည်အလိပ်လုပ်ငန်းအတွက် ချည်ထည်တင်ပို့မှုတွင်အခွန်ကောက်ခံမှု ယာယီရပ်ဆိုင်းလိုက်သည့် အိန္ဒိယနိုင်ငံ

Powered by Drupal

          အိန္ဒိယနိုင်ငံသည် ပြိုင်ဆိုင်မှုကဏ္ဍတွင်အထောက်အကူပြုနိုင်ရန်အတွက် အခွန်ကင်းလွတ်ခွင့်ပေးရန် အထည်အလိပ်လုပ်ငန်းစု၏ တောင်းဆိုမှုကြောင့် သြဂုတ်လ ၁၉ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ချည်ထည်တင်ပို့မှုတွင် အကောက်ခွန်များ ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း သိရပါသည်။ အဆိုပါ ချည်ထည်တင်သွင်းမှုအပေါ် ယာယီအခွန် ရက်ဆိုင်းခြင်း သည် အမေရိကန်နိုင်ငံ၏ အခွန် ၅၀ ရာခိုင်နှုန်းကောက်ခံမှုကြောင့် အကြပ်အတည်းများနှင့် ရင်ဆိုင်နေရသည့် အိန္ဒိယနိုင်ငံ၏ အထည်အလိပ်လုပ်ငန်းစုအတွက် သက်သာရာရစေ‌ကြောင်း သိရပါသည်။ အမေရိကန်နိုင်ငံသည် အိန္ဒိယနိုင်ငံအား ရရှားနိုင်ငံမှ လောင်စာဆီဝယ်ယူမှုကြောင့် ပြစ်ဒဏ်အနေဖြင့် အခွန် ၅၀ ရာခိုင်နှုန်း တိုးမြင့်လိုက်ခြင်းဖြစ်ကြောင်း သိရပါသည်။ အိန္ဒိယနိုင်ငံ အထည်အလိပ်အဖွဲ့အစည်း (CITI) သည် အစိုးရအား ပြိုင်ဆိုင်မှုကဏ္ဍတွင် အထောက်အကူပြုစေရန် ချည်ထည်တင်ပို့မှုတွင် အခွန်ကောက်ခံမှု ဖျက်သိမ်းပေးရန် တိုက်တွန်းခဲ့ကြောင်း သိရပါသည်။ အခွန်လွတ်ကင်းခွင့်မပေးမှီတွင် ချည်ထည်တင်ပို့မှုအပေါ် အခွန် ၁၁ ရာခိုင်နှုန်းကောက်ခံလျက်ရှိ ပါသည်။ လုပ်ငန်းရှင်များသည် အစိုးရအား စက်တင်ဘာလအလွန်တွင်လည်း ချည်ထည်များအပေါ် အခွန်ကင်းလွတ်ခွင့်ကို ထပ်မံချဲ့ပေးရန် မျှော်မှန်းနေကြောင်း သိရပါသည်။ အိန္ဒိယနိုင်ငံ အထည်အလိပ်လုပ်ငန်းများသည် အလုပ်သမားအကြပ်အတည်းများ၊ ထုတ်လုပ်မှုကန့်သတ်ခြင်းများနှင့် ရင်ဆိုင်နေရကြောင်း သိရပါသည်။ အိန္ဒိယနိုင်ငံသည် ၂၀၃၀ ခုနှစ်တွင် အထည်အလိပ် တင်ပို့မှုကို ဒေါ်လာ ၁၀၀ ဘီလီယံ အထိမြှင့်တင်ရန် ရည်မှန်းထားကြောင်း သိရပါသည်။ အမေရိကန်နိုင်ငံမှ အခွန်တိုးမြှင့်ကောက်ခံခြင်းသည် အိန္ဒိယနိုင်ငံမှ အမေရိကန်အထည်အလိပ် ဝယ်ယူသူများသို့ အခွန်တိုးမြှင့်ကောက်ခံမှုအပြီးတွင်ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် နိုင်ငံရေးမတည်ငြိမ်မှုများအပြင် ၎င်းနိုင်ငံမှ ကုမ္ပဏီများသည်လည်း ထောက်ပို့မှုအကြပ် အတည်းများနှင့် ရင်ဆိုင်နေရကြောင်း သိရပါသည်။

Source: The Daily Star

DOCA (ရန်ကုန်)