Main menu

မော်လမြိုင်မြို့အေးသာယာဈေးမှ ကုန်စိမ်း ဈေးနှုန်းအခြေအနေ

Powered by Drupal

     မော်လမြိုင်မြို့ အေးသာယာဈေးမှ ဩဂုတ်လ (စတုတ္တပတ်)တွင် ရောင်းချသည့် အမယ်မျိုးစုံများမှာ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်၊ အာလူး၊ မုန်လာဥနီ၊ မုန်လာဥဖြူ၊ ရွှေဖရုံသီး၊ ဘူးသီး၊ သခွားသီး၊ ရုံးပလေသီး၊ ကြက်ဟင်းခါးသီး၊ ပဲထောင့်ရှည်၊ ကန်စွမ်းရွက်၊ ချဉ်ပေါင်ရွက်၊ မြင်းခွာရွက်၊ ကင်ပွန်းရွက်၊ မုန်ညင်း၊ ခရမ်းသီး၊ ခဝဲသီး၊ မျှစ်၊ သံပရာသီး၊ ပန်းသီး၊ နဂါးမောက်သီးပိန်းဥ နှင့်ပဲကြီးရေစိမ်တို့အား ရောင်းချလျက်ရှိသည်။

    အဆိုပါကုန်စည်များ၏ ဈေးနှုန်းအခြေအနေမှာ ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ် ၅၀၀၀၊ ဂေါ်ဖီထုပ် တစ်ထုပ်လျှင် ကျပ် ၃၀၀၊ အာလူးတစ်ပိဿာလျှင် ကျပ် ၅၀၀၀၊ မုန်လာဥနီ တစ်ပိဿာလျှင် ကျပ် ၆၀၀၀၊ ရွှေဖရုံသီးတစ်လုံးလျှင် ကျပ် ၂၅၀၀၊ ဘူးသီးတစ်လုံးလျှင် ကျပ် ၃၀၀၀၊ မုန်ညင်းတစ်ထုပ်လျှင် ကျပ် ၂၈၀၀၊ ရုံးပတီသီး တစ်ပိဿာလျှင် ကျပ် ၄၀၀၀၊ ကြက်ဟင်းခါးသီး တစ်ပိဿာလျှင် ကျပ် ၃၀၀၀၊ ပဲထောင့်ရှည် တစ်စည်းလျှင် ကျပ် ၃၀၀၀၊ ကန်စွမ်းရွက် တစ်စည်းလျှင် ကျပ် ၃၀၀၊ မြင်းခွာရွက်တစ်စည်းလျှင် ကျပ် ၂၅၀၊ ကင်းပွန်းရွက်တစ်စည်းလျှင် ကျပ် ၂၅၀၊ ချဉ်ပေါင်ရွက် တစ်စည်းလျှင် ကျပ် ၂၅၀၊ ခဝဲသီး တစ်ထောင့်လျှင် ကျပ် ၇၀၀၊ မျှစ်တစ်စည်းလျှင် ကျပ် ၇၀၀၊ ဆူးပုတ်တစ်စည်းလျှင် ကျပ် ၄၀၀၊ ခရမ်းသီးတစ်ပိဿာလျှင်  ကျပ် ၄၀၀၀  ဖြစ်ကြောင်း သိရှိရသည်။

DOCA (မွန်)