
မွန်ပြည်နယ်မော်လမြိုင်မြို့အမှတ် (၁) ဈေးကြီး၌ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လတွင် ရောင်းချလျှက်ရှိသော ငါးခြောက်အမယ်များမှာ ငါးနှပ်ခြောက် (အာပြဲခြောက်)၊ ငါးပုပ်ခြောက်၊ ငါးနီတူခြောက်၊ ငါးလိပ်ကျောက်ခြောက်၊ ငါးရွှေခြောက်၊ ငါးအူမြင်းခြောက်၊ ငါးကွင်းရှပ်ခြောက်၊ ငါးတံခွန်ခြောက် (အကောင်သေး)၊ ငါးတံခွန်ခြောက်ခွဲခြမ်း၊ ငါးဖောင်ရိုးခြောက်၊ ငါးစာပြက်၊ ငါးစင်ရိုင်းခြောက်၊ ပုစွန်ခြောက်(အကြီး)၊ ပုစွန်ခြောက်(အလတ်)၊ ပုစွန်ခြောက်(အသေး)၊ ပုစွန် ခြောက်အခွံပါအမှုန့်ခြောက်တို့ ရောင်းချလျက်ရှိသည်။
၎င်းငါးခြောက်အမယ်စုံ၏ ဈေးနှုန်းများမှာ ငါးနှပ်ခြောက်(အာပြဲခြောက်)(အကြီး) တစ်ပိဿာလျှင် ကျပ် ၄၅၀၀၀၊ ငါးနှပ်ခြောက်(အာပြဲခြောက်)(အလတ်) တစ်ပိဿာလျှင် ကျပ် ၄၀၀၀၀၊ ငါးနှပ်ခြောက်(အာပြဲခြောက်)(အသေး) တစ်ပိဿာလျှင် ကျပ် ၂၅၀၀၀၊ ငါးပုပ်ခြောက် တစ်ပိဿာ လျှင် ကျပ် ၃၅၀၀၀၊ ငါးနီတူခြောက် တစ်ပိဿာလျှင် ကျပ် ၄၀၀၀၀၊ ငါးလိပ်ကျောက်ခြောက် တစ်ပိဿာလျှင် ကျပ် ၃၅၀၀၀၊ ငါးရွှေခြောက် တစ်ပိဿာလျှင် ကျပ် ၂၅၀၀၀၊ ငါးအူမြင်းခြောက် တစ်ပိဿာလျှင် ကျပ် ၄၀၀၀၀၊ ငါးကွင်းရှပ်ခြောက်(အကြီး) တစ်ပိဿာလျှင် ကျပ် ၄၀၀၀၀၊ ငါးကွင်းရှပ်ခြောက်(အလတ်)တစ်ပိဿာလျှင် ကျပ် ၃၅၀၀၀၊ ငါးကွင်းရှပ်ခြောက် (အသေး) တစ်ပိဿာလျှင် ကျပ် ၃၂၀၀၀ မှ ၃၀၀၀၀ ကျပ်အတွင်း၊ ငါးတံခွန်ခြောက်(အကောင်သေး) တစ်ပိဿာလျှင် ကျပ် ၂၃၀၀၀မှ ၂၀၀၀၀အတွင်း၊ ငါးတံခွန်ခြောက်ခွဲခြမ်း တစ်ပိဿာလျှင် ကျပ် ၂၅၀၀၀၊ ငါးဖောင်ရိုးခြောက် တစ်ပိဿာလျှင် ကျပ် ၃၀၀၀၀၊ ငါးစာပြက် တစ်ပိဿာလျှင် ကျပ်၃၁၀၀၀မှ ၂၇၀၀၀အတွင်း၊ ငါးစရိုင်းခြောက် တစ်ပိဿာလျှင် ကျပ် ၃၀၀၀၀၊ ပုဇွန်ခြောက် (အကြီး) တစ်ပိဿာလျှင် ကျပ် ၁၂၀၀၀၀၊ ပုဇွန်ခြောက် (အလတ်) တစ်ပိဿာလျှင် ကျပ် ၉၀၀၀၀၊ ပုဇွန်ခြောက် (အသေး)တစ်ပိဿာလျှင် ကျပ် ၇၀၀၀၀၊ ပုဇွန်ခြောက်အခွံပါ အမှုန့်ခြောက် တစ်ပိဿာလျှင် ကျပ် ၃၀၀၀၀ တို့ဖြစ်သည်။ အဆိုပါ ငါးခြောက်ဈေးနှုန်းများမှာ အပတ်စဉ်လိုက် အနည်းငယ် အပြောင်းအလဲရှိနိုင်ကြောင်း သိရသည်။
DOCA (မွန်)