စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်း အခြေခံစားကုန် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်နီများ ယခုတစ်ပတ်အတွင်း သိသိသာသာဈေးနှုန်းမြင့်တက်ပြီး အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်းသိရသည်။ ယခုလက်ရှိအချိန်တွင် ကြက်သွန်နီ ပွဲရုံလက်ကားဈေး တစ်ပိဿာလျှင် (ကြီး/လတ်/သေး)ကျပ် ၃၂၀၀-၃၅၀၀-၃၈၀၀ နှုန်းတို့ရှိပြီး လက်လီဈေးမှာ ကြီး/ လတ်/ သေး တစ်ပိဿာလျှင် ကျပ် ၃၅၀၀-၃၈၀၀-၄၀၀၀ နှုန်းတို့ဖြင့်အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်းသိရသည်။ ကြက်သွန်နီကို မုံရွာမြို့နယ်အတွင်းရှိ ကျွဲရဲ၊ မြေနဲ၊ ရွာတုံ၊ တောင်ပလူ ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပြီး မုံရွာမြို့နယ်အနေဖြင့် တစ်နှစ်လျှင် ပျမ်းမျှ ဧက (၁၂၀၀၀)ခန့် စိုက်ပျိုး လျက်ရှိပြီးထွက်ရှိသော ကြက်သွန်နီများကို မန္တလေး၊ ရန်ကုန်မြို့များနှင့် မြို့တွင်းပွဲရုံများသို့ တင်ပို့ ရောင်းချကြကြောင်း သိရသည်။
DOCA(စစ်ကိုင်း)