
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့အတွင်းရှိ မြို့မစည်ပင်သာယာဈေးကြီးနှင့် အခြား ဈေးများတွင် နံနံပင်ဈေးနှုန်းများ ကျဆင်းလျက်ရှိပြီး (၁၀)ပင်စည်း တစ်စည်းလျှင် (၃၀၀)ကျပ်မှ (၂၀၀)ကျထတဖြည်းဖြည်း ကျဆင်းလာကြောင်းသိရပါသည်။ ပြည်ဈေးကွက်သို့ ပြည်မြို့ အတွင်းရှိ ကျေးရွာများဖြစ်သော မှော်ဇာ၊ ဇီးအုပ်၊ တောင်လုံးညို၊ ဝက်ထီးကန်၊ ရွှေတောင်၊ ပုတီးကုန်း၊ သဲကုန်း၊ ဝက်ပုတ်ယမျာမကားလမ်းဖြင့်လည်းကောင်း၊ ရထားများဖြင့်လည်းကောင်း ရက်ခြားဝင်ရောက် လာရောက် ရောင်းချကြကြောင်းသိရပါသည်။ ဈေးနှုန်းအနေဖြင့် ၁၀ ပင်စည်း တစ်စည်းကို (၂၀၀)ကျပ်နှင့် တစ်ပိဿာလျှငကျပ်(၂၀၀၀၀)နှုန်းများဖြင့် အသီးသီးရောင်းချလျက် ရှိကြောင်းသိရ ပါသည်။ ဈေးနှုန်းချိုသာသောကြောင့် စားသုံးသူပြည်သူများ စိတ်ကြိုက်ဝယ်ယူ စားသုံးမှုများကြောင့် ရောင်းအားတက်လာကြောင်း သိရပါသည်။
DOCA(ပဲခူး)