
နိုင်ငံ၏ဆွဲဆောင်မှုအရှိဆုံးသော ခရီးသွားရှုခင်းဖြစ်သည့် Angkor Archaeological Park သည် ယခုနှစ်ပထမ (၈) လအတွင်း နိုင်ငံခြားခရီးသွား ၆၆၉,၆၁၉ ဦး လာရောက်လည်ပတ်ခဲ့ပြီး ၂.၇၂ ရာခိုင်နှုန်း တိုးလာသည်ဟု Angkor Entrance Pass Sales မှ ၁-၉-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ဝင်ခွင့်လက်မှတ်ရောင်းချမှုမှ ဝင်ငွေဒေါ်လာ ၃၁ သန်းရရှိခဲ့ပြီး တစ်နှစ်ထက် တစ်နှစ် ၂.၄၂ ရာခိုင်နှုန်း တိုးလာကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ အန်ကော ရှေးဟောင်းသုတေသနဥယျာဉ်သို့ နိုင်ငံခြားဧည့်သည်များ တိုးလာခြင်းသည် ခရီးသွားကဏ္ဍ ပြန်လည်ကောင်းမွန်လာမှုကို ထင်ဟပ်ကြောင်း ကမ္ဘောဒီးယား ခရီးသွားအေးဂျင့်များအသင်း ဥက္ကဋ္ဌ Chhay Sivlin က ပြောကြားခဲ့သည်။ ခရီးသွားလာရေး ဝန်ကြီးဌာန၊ ပုဂ္ဂလိက ကဏ္ဍမှ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်အတူ ခရီးသွားလုပ်ငန်းကို မြှင့်တင်ရန်၊ ထုတ်ကုန်အသစ်များ ဖန်တီးခြင်းနှင့် နိုင်ငံခြား ခရီးသွားများ၊ ခရီးစဉ်များ လွယ်ကူချောမွေ့စေရန်အတွက် အစိုးရမှ အနီးကပ် လက်တွဲဆောင်ရွက်ခဲ့ကြောင်း ထပ်မံပြောကြားခဲ့သည်။
Source: Khmer Times
DOCA (ရန်ကုန်)