Main menu

၂၀၂၆ ခုနှစ်တွင် အမှိုက်များကို ပြည့်ဖြိုးမြဲစွမ်းအင်အဖြစ်အသွင်ပြောင်းမည့် အင်ဒိုနီးရှားနိုင်ငံ Jepara ခရိုင်

Powered by Drupal

     အင်ဒိုနီးရှားနိုင်ငံ Jepara ခရိုင်အုပ်ချုပ်ရေးအဖွဲ့သည် အမှိုက်ထွက်ရှိမှုလျှင်မြန်စွာကြီးထွား လာမှုကို ဖြေရှင်းရန်ရည်ရွယ်၍ တရုတ်ရင်းနှီးမြှုပ်နှံသူနှင့်ပူးပေါင်း၍ ပြည့်ဖြိုးမြဲစွမ်းအင်အဖြစ် အသွင်ပြောင်းမည်ဟု သိရပါသည်။ Jepara ခရိုင်အကြီးအကဲ Witiarso Utomo က ထိုပူးပေါင်း ဆောင်ရွက်ရန် ရည်မှန်းချက်ကို ၂၀၂၆ ခုနှစ်တွင် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း၊ တရုတ် ရင်းနှီးမြှုပ်နှံသူထံမှ နည်းပညာလွှဲပြောင်းမှုမှတစ်ဆင့် စီးပွားရေးတန်ဖိုးမရှိသည့် စွန့်ပစ်အမှိုက်များ ကို စွမ်းအင်အဖြစ်ကူးပြောင်းရန် ယခင်ထဲက စဉ်းစားယူဆထားခြင်းဖြစ်ကြောင်းနှင့် ထိုအစီအစဉ် သည် အမှိုက်လျှော့ချနိုင်ရုံသာမက လူမှုအသိုက်အဝန်း အထူးသဖြင့် အိမ်ထောင်ရှင်မများက အမှိုက်စုဆောင်းခြင်းမှတစ်ဆင့် ထပ်တိုးဝင်ငွေရရှိရန်ကူညီပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါ သည်။ ခရိုင်သဘာဝပတ်ဝန်းကျင်အေဂျင်စီ၏ အကြီးအကဲ Aris Setiawan က ရင်းနှီးမြှုပ်နှံသူ တည်ရှိမှုသည် ခရိုင်၏အမှိုက်စီမံခန့်ခွဲမှုစနစ်ကို သိသာစွာပြောင်းလဲပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပြုထားသည့်အစီအစဉ်တွင် ပလက်စတစ်နှင့် သတ္တုအစရှိသည့် စီးပွားရေးတန်ဖိုးရှိအမှိုက်မှာ လူမှုအသိုက်အဝန်းတိုက်ရိုက်အကျိုးကျေးဇူးရှိစေရန် ဆက်လက် စီမံ ခန့်ခွဲမည်ဟု သိရပါသည်။ ကြွင်းကျန်သောအမှိုက်များမှာ ပြည့်ဖြိုးမြဲစွမ်းအင်အတွက် ကုန်ကြမ်း ပစ္စည်းအဖြစ် ၁၀၀ ရာခိုင်နှုန်းအပြည့်အဝ အသုံးချရန် ခက်ခဲကြောင်း သိရပါသည်။ ထိုအဆင့်သည် အမှိုက်များကို တွင်းများဖြင့်မြေဖို့စွန့်ပစ်ရသည်ဝန်ကို လျှော့ချနိုင်ရုံသာမက ခရိုင်အား သဘာဝ ပတ်ဝန်းကျင်နှင့်သင့်လျော်သောခရိုင်ဖြစ်လာစေရန်ပံ့ပိုးပေးနိုင်မည်ဟု Aris ကပြောကြားခဲ့ပါ သည်။

Antara News

DOCA (ရန်ကုန်)