Main menu

တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် စိုက်ပျိုးရေးလုပ်ငန်းများ ကြည့်ရှု့စစ်ဆေး၍ မျိုးစေ့ချကရိယာနှင့် ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်

Powered by Drupal

           မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် ၁၉.၈.၂၀၂၅ ရက်နေ့၊ မွန်းလွဲ(၁၃:၅၀) နာရီအချိန်တွင် ကျောက်ပန်းတောင်းမြို့နယ်၊ ဆင်တိုင်းကန်ကျေးရွာအုပ်စုအတွင်းရှိ တောင်သူဦးအောင်မောင်း စိုက်ပျိုးထားသည့် ရွှေဒင်္ဂါးမျိုး ပဲစဉ်းငုံစိုက်ခင်းအား ကြည့်ရှု့အားပေးခဲ့ကြောင်း၊ ယင်းနောက် ကိုင်းကျေးရွာအုပ်စုသို့ရောက်ရှိပြီး တောင်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံကာ (Drum Seeder)နှင့် ဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲသို့တက်ရောက်၍ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး အလေးထားဆောင်ရွက်သွားကြရန် အမှာစကားပြောကြားခဲ့ပြီး ဆက်လက်၍ စပါးစိုက် တောင်သူများအတွက် မျိုးစေ့ချကရိယာ(Drum Seeder)နှင့် ယူရီးယားဓာတ်မြေဩဇာများပေးခဲ့ကြပြီး စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၈၂) စက်မှုလယ်ယာစခန်းမှ မျိုးစေ့ချကရိယာ(Drum Seeder)များနှင့် မိုးစပါးစိုက်ပျိုးသရုပ်ပြခြင်းကို ကြည့်ရှု့အားပေးခဲ့ပါသည်။ အဆိုပါ မျိုးစေ့ချကရိယာ (Drum Seeder) နှင့်ယူရီးယားဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲနှင့် မိုးစပါးစိုက်ပျိုးသရုပ်ပြသခြင်း အခမ်းအနားကို မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တောင်သူ(၂၆၃)ဦးတက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)