Main menu

ဝန်ထမ်းများစုပေါင်းမိတ်ဆုံစားပွဲဆောင်ရွက်

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၏လမ်းညွှန်မှုဖြင့် ဌာနတွင်းရှိဝန်ထမ်းများ စုပေါင်း၍ မိတ်ဆုံစားပွဲများ လစဉ်ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံး၏ ဩဂုတ်လမိတ်ဆုံစားပွဲအား ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ(၂၆)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ပြည်နယ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ ခေတ္တပြည်နယ်မှူး ဦးဆောင် ၍ ဝန်ထမ်း( ၁၃ )ဦးဖြင့် ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါမိတ်ဆုံစားပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခေတ္တပြည်နယ်ဦးစီးမှူးက ထမင်း၊ ဟင်းများဖြင့် ဧည့်ခံကျွေးမွေးပြီး ဝန်ထမ်းများကလည်း အသင့်ပါလာသော ထမင်း၊ဟင်းများ လဲ လှယ်၍ ချစ်ခင်ရင်းနှီးစွာဖြင့် အတူတကွ သုံးဆောင်ခဲ့ကြပါသည်။ ဝန်ထမ်းမိတ်ဆုံစားပွဲများ လစဉ် ဆောင်ရွက်ခြင်းအားဖြင့် ဌာနအတွင်းရှိ ဝန်ထမ်းအချင်းချင်း ချစ်ခင်ရင်းနှီးမှုများပိုမိုရရှိကာ လုပ် ငန်းခွင်အတွင်းတွင်လည်း ခိုက်ရန်ဖြစ်ပွားခြင်း၊ ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွင်မှုရှိခြင်း၊ စည်းလုံး ညီညွှတ်မှုပိုမိုရရှိခြင်း၊ ရုံးလုပ်ငန်းများပိုမိုပြီးမြောက်အောင်မြင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိ ကြောင်း သိရှိရပါသည်။

DOCA(ကယား)