Main menu

ရေစကြိုုမြို့ပွဲရုံများ၏ ပဲမျိုးစုံရောင်းဝယ်မှုအခြေအနေ

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင်နယ်မြေအခြေအနေရ ကုန်စည်ဒိုင် အရောင်းအဝယ်မပြုလုပ်နိုင်သော်လည်း ရန်ကုန်၊ မန္တလေးတွင်ဖြစ်ပေါ်နေသော ဈေးကွက်အခြေ အနေနှင့် ဒေါ်လာဈေးအတက်အကျပေါ်မူတည်၍  ပွဲစားများစုစည်းနိုင်သည့်နေရာတွင် ဈေးနှုန်း သတ်မှတ်ပြီး နောက်မိမိတို့၏ ပွဲရုံများတွင် ပဲမျိုးစုံ အရောင်းအဝယ်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ခုနှစ်၊ ဩဂုတ်လ (စတုတ္ထပတ်)တွင် မတ်ပဲ တစ်တင်းလျှင် ကျပ် (၇၀၀၀၀) ကုလားပဲ (V2) တစ်တင်းလျှင် ကျပ် (၈၄၂၀၀) ကုလားပဲ (929) တစ်တင်းလျှင် ကျပ်(၈၃၃၀၀) ပဲတီစိမ်း တစ်တင်းလျှင် ကျပ်(၁၀၀၀၀၀) နှမ်းဖြူ တစ်တင်းလျှင် ကျပ်(၉၅၀၀၀) ထောဖြူ(ကျွန်း) တစ်တင်း လျှင် ကျပ်(၇၅၀၀၀)ဖြစ်ပြီး ဇူလိုင်လ(တတိယပတ်)တွင် မတ်ပဲ တစ်တင်းလျှင် ကျပ် (၇၀၀၀၀) ကုလားပဲ (V2) တစ်တင်းလျှင် ကျပ် (၈၃၀၀၀) ကုလားပဲ (929) တစ်တင်း ကျပ် (၈၂၀၀၀) ပဲတီစိမ်း တစ်တင်းလျှင် ကျပ်(၁၀၀၀၀၀) နှမ်းဖြူ တစ်တင်းလျှင် ကျပ်(၉၅၀၀၀) ထောဖြူ(ကျွန်း) တစ်တင်း လျှင်ကျပ်(၇၅၀၀၀)ဖြစ်ခဲ့၍ ဈေးနှုန်းနှိုင်းယှဉ်ပါက ပဲမျိုးစုံနှင့် နှမ်းသီးနှံ ဈေးနှုန်းများ ဈေးနှုန်းများ တည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ရောင်းဝယ်မှုအနေဖြင့် ဩဂုတ်လ (စတုတ္ထပတ်) အတွင်း ပဲတီစိမ်း တစ်တင်းဝင်အိတ် (၁၅၀)ခန့် အများဆုံးအရောင်းအဝယ်ဖြစ်ပြီး နှမ်းဖြူတစ်တင်း ဝင်အိတ် (၅၀)ခန့်၊ မတ်ပဲ တစ်တင်းဝင်အိတ် (၇၀)ခန့်၊ ကုလားပဲ(V2) တစ်တင်း ဝင်အိတ် (၅၀)ခန့်၊ ကုလားပဲ(929) တစ်တင်းဝင်အိတ် (၅၀)ခန့်၊ ထောဖြူ(ကျွန်း) တစ်တင်းဝင်အိတ် (၅၀)ခန့် အရောင်း အဝယ် ဖြစ်ကြောင်း ကုန်သည်ပွဲစားများထံမှ သိရှိရပါသည်။

DOCA(မကွေး)