Main menu

ဘီးလင်းမြို့နယ်တွင် ထွက်ရှိသော ဆန်းပန်းဖြူများ

Powered by Drupal

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် စိုက်ပျိုးထွက်ရှိသော ဆန်းပန်းဖြူများ၏ ယခုလက်ရှိ ပေါက်ဈေးမှာ စိုက်ခင်းအတွင်းမှာပင် တစ်ပွင့်လျှင် (၃၀၀) ကျပ်ရရှိနေကြောင်း သိရသည်။ ဘီးလင်းမြို့နယ်တွင် ပန်းအများဆုံးစိုက်ပျိုးကြသည့် ရွာများဖြစ်ကြသော ရွှေလှေ၊ ညောင်ပုလ္လင်၊ လိပ်ခုံး၊ မုသင် စသည့်ကျေးရွာများတွင် ပန်းစိုက်ပျိုးဧက (၁၀၀) ဧကခန့်ရှိပြီး အချို့သော ကျေးရွာများတွင်လည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသည်။ စိုက်ပျိုးမြေတစ်ဧကလျှင် ပျိုးပင် အရေအတွက် (၄) သိန်းခန့်ဝင်ဆန့်ကြောင်း၊ ပျိုးပင်တစ်ပင်၏ တန်ဖိုးမှာ (၄၀) ကျပ်ရှိ၍ တစ်ဧက ကုန်ကျစရိတ်မှာ သိန်း(၁၆၀) ကျပ်ခန့် ကုန်ကျကြောင်း၊ တစ်ဧကအထွက်နှုန်းမှာ ၈၀% ကျော်ထွက်ရှိ၍ အဆင်ပြေကြောင်း သိရသည်။ ဆန်းပန်းဖြူသည် တစ်ပင်လျှင် ခေါင်ပွင့်တစ်ပွင့်သာထားရပြီး ကျန်အဖူးများအား ချွေပေးရသည်။ စိုက်ပျိုးချိန်မှ စတင်၍ (၃) လဝန်းကျင်ခန့်တွင် စတင်ဖူးပွင့်ကြောင်း သိရသည်။ အဆိုပါ ပန်းများအား ရန်ကုန်၊ မော်လမြိုင်၊ ဘားအံမြို့များသို့ တင်ပို့၍ မြို့နယ်တွင်းတွင်လည်း လက်လီရောင်းချကာ ပန်းစိုက်တောင်သူများ အနေဖြင့် အကျိုးအမြတ် ဖြစ်ထွန်းကြောင်း သိရှိရပါသည်။

DOCA (မွန်)