Main menu

မွန်ပြည်နယ်၏ ဆန်ဈေးနှုန်းနှင့် စီးဝင်/စီးထွက်မှု အခြေအနေ

Powered by Drupal

     မွန်ပြည်နယ်အတွင်းသို့ ဆန်အိတ်များ စီးဝင်လျက်ရှိပြီး ဩဂုတ်လ၏ တတိယအပတ်၌ ဆန်ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိပါသည်။ အခြားတိုင်းဒေသကြီးများမှ မွန်ပြည်နယ်သို့ ဆန်စီးဝင်မှုများမှာ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယအပတ်တွင် ဧရာဝတီမှ (၂၇၂၀) အိတ်ခန့်၊ စစ်ကိုင်းမှ (၂၃၂၀) အိတ်ခန့်၊ ရန်ကုန်မှ (၇၉၂၀) အိတ်ခန့် စုစုပေါင်း (၁၂၉၆၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၆၄၈) တန်ခန့်စီးဝင်ခဲ့သည်။ ယခု ဩဂုတ်လ၏ တတိယအပတ်တွင် ဧရာဝတီမှ (၈၂၀) အိတ်ခန့်၊ စစ်ကိုင်းမှ (၅၆၄၀) အိတ်ခန့်၊ ပဲခူးမှ (၃၈၀) အိတ်ခန့်၊ ရန်ကုန်မှ (၁၆၉၈၀) အိတ်ခန့်၊ စုစုပေါင်း (၂၃၈၂၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၁၁၉၁) တန်ခန့် စီးဝင်ခဲ့ပြီး ယခင် ဒုတိယအပတ်နှင့် နှိုင်းယှဉ်ပါက  ပိုမို၍ စီးဝင်ခဲ့သည်။

          မွန်ပြည်နယ်မှ အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ဆန်စီးထွက်ရာတွင် ၂၀၂၅ ခုနှစ် ဩဂုတ်လ ဒုတိယအပတ်တွင် ရန်ကုန်သို့ (၂၅၆၀) အိတ်ခန့်၊ ဘားအံသို့ (၂၀၀) အိတ်ခန့်၊ စုစုပေါင်း (၂၇၆၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၁၃၈) တန်ခန့်စီးထွက်ခဲ့ပြီး၊ ယခု ဩဂုတ်တတိယအပတ်တွင် ဆန်စီးထွက်မှုမရှိကြောင်း သိရသည်။

          မွန်ပြည်နယ်၌ ဩဂုတ်လ၏ တတိယအပတ်တွင် ဆန်ဈေးနှုန်းမှာ (၂၄) ပြည်ဝင် ဆန် တစ်အိတ်လျှင် ပေါ်ဆန်း(ဒေသ) (၁၁၀၀၀၀) ကျပ်ခန့်၊ ရွှေဘိုပေါ်ဆန်း (၁၅၆၆၀၀) ကျပ်ခန့်၊ ဧည့်မထ(ဒေသ) (၇၀၀၀) ကျပ်ခန့်ရှိပြီး ယခုအပတ်တွင် ဆန်ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (မွန်)