Main menu

မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးတွင် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင် လက်မှတ်ရရှိထားသည့်စီးပွားရေးလုပ်ငန်းရှင်များအား အသိပညာပေးဟောပြောပွဲပြုလုပ်

Powered by Drupal

     (၂၁.၈.၂၀၂၅) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်လက်မှတ်ရရှိထားသည့်စီးပွားရေးလုပ်ငန်းရှင်များအား အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပါသည်။

    အဆိုပါ‌ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဦးစီးအရာရှိ ဦးမင်းခိုင်စိုးက လုပ်ငန်းဆိုင်ရာအမိန့်ကြော်ငြာစာ များအားလည်းကောင်း၊ အွန်လိုင်းရောင်းဝယ်ရေးလုပ်ငန်းရှင်များ၏ တာဝန်များအား လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များအားလည်းကောင်း အသိပညာခဲ့ရာ တက်ရောက် လာသူများမှ သိရှိလိုသည်များအား မေးမြန်းခြင်းကို ဦးစီးအရာရှိ ဦးမင်းခိုင်စိုး က ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)