
၂၂.၈.၂၀၂၅ ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် အလုံမြို့နယ် အ.မ.က(၄) မူလတန်းကျောင်းသို့ အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ခိုင်သဉ္ဇာဦး(ဦးစီးမှူး) နှင့် နှင့် ဝန်ထမ်း(၂) ဦးတို့သည် စားသုံးသူအကာအကွယ်ပေး အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်ချိုပြုံး၊ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူ (၂၂၀) တို့အား စားသုံးသူကာကွယ်ရေးဥပဒေ စတင်အာဏာတည် သည့်နေ့နှင့် စားသုံးသူအဓိပ္ပါယ်၊ နေ့စဉ်စားသောက်နေသော အစားအသောက်များတွင် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံမှုရှိသော စားသောက်ကုန်များအား ရွေးချယ်စားသောက်ရန်၊ ကျန်းမာရေး နှင့်ညီညွတ်သော အစားအသောက်များအား စားသုံးရန်၊ ဆေးဝါးများသုံးစွဲရာတွင် ဆရာဝန်ညွှန် ကြားချက်ရှိသော ဆေးများကိုသာဝယ်ယူသောက်သုံးရန်၊ မသန့်ရှင်းမလတ်ဆတ်သော အစားအစာ များအားစားသောက်မိပါက ဝမ်းပျက်ဝမ်းလျောရောဂါများ ဖြစ်ပွားတက်ကြောင်း၊ တစ်ကိုယ်ရည် သန့်ရှင်းရေးအား အထူးဂရုပြုရန် ကျောင်းသား/သူများအား အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)