Main menu

 ကျွန်းလှမြို့တွင် ရှင်သီဝလိဂမုန်းပန်းပျိုးပင် နှင့် ပန်းပွင့် စိုက်ပျိုးရောင်းချလျက်ရှိ

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်တွင် မိသားစု စားဝတ် နေရေးအတွက် တစ်ဖက် တစ်လမ်းမှ အပိုဝင်ငွေရရှိရန်အတွက်သော်လည်းကောင်း ဝါသနာအရသော်လည်း ကောင်း  စိုက်ပျိုးရေးနှင့် မွေးမြူရေးကို လုပ်ကိုင်ကြရာမှ ပန်းပျိုးပင်မျိုးစုံ ဖြစ်သည့် တယူဇနာပန်း(ခေါ်) တောင်ကြီးသနပ်ခါးပန်း၊ ငှက်ပျောပန်း၊ ပိန်းပန်း၊ ရှင်သီဝလိဂမုန်းပန်း၊ သစ်ခွပန်း၊ ဒေစီပန်း၊ သဇင်ပန်း ခွာညိုပန်း နှင့် နှင်းဆီပန်းများကို ပျိုးပင်ရော အပွင့်ပါ ရောင်းချရန်အတွက်  တစ်နိုင်တစ်ပိုင် စိုက်ပျိုးလာကြ သည်။

     ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ် ကျွန်းလှမြို့၏ ရှင်သီဝလိဂမုန်းပန်း ပျိုးပင်ဈေးနှုန်းနှင့် ရှင်သီဝလိဂမုန်းပန်းအပွင့် ဈေးနှုန်းအနေဖြင့် ရှင်သီဝလိဂမုန်းပန်း ပျိုးပင် တစ်ပင်လျှင်(၁၀၀၀၀)ကျပ် ဈေးနှုန်း ရှိပြီး ရှင်သီဝလိဂမုန်းပန်း တစ်ပွင့်လျှင်(၁၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ပန်းဥယာဉ် စိုက်ပျိုး ရောင်းချသူ  ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)