
နည်းပညာနှင့်တစ်ပိုင်းလျှပ်ကူးပစ္စည်းများကို ဦးစားပေးပြသသည့် အပြည်ပြည်ဆိုင်ရာ ကုန် စည်ပြပွဲ တစ်ခုကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ကျင်းပခဲ့သည်။နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဆွဲ ဆောင်ရန် အိန္ဒိယအစိုးရနှင့် စက်မှုအဖွဲ့အစည်းတို့က အဆိုပါကုန်စည်ပြပွဲကို ဦးဆောင် ကျင်းပ ခဲ့ခြင်းဖြစ်သည်။
အမေရိကန်အပါအဝင် ဥရောပ၊ အာရှနိုင်ငံနှင့် ဒေသများမှ ကုမ္ပဏီပေါင်း ၃၅၀ ကျော်ပါဝင် ပြသခဲ့သည်။ တစ်ပိုင်းလျှပ်ကူးပစ္စည်း ပြုပြင်ထုတ်လုပ်သည့် စက်ယန္တရားများကို ထုတ်လုပ်သော ဂျပန်ကုမ္ပဏီတစ်ခုဖြစ်သည့် ဟာမာအီကုမ္ပဏီသည် အဆိုပါပြပွဲ၌ ဝင်ရောက်ပြသခဲ့ပြီး တစ်ပိုင်း လျှပ်ကူး ပစ္စည်းများပေါ်တွင် နာနိုအဆင့် အလွန်သေးငယ်သောချစ်ပ်ပြားများ အသုံးပြုနိုင်သည့် နောက်ဆုံးပေါ်နည်းပညာကို မိတ်ဆက်ပြသခဲ့သည်။
အိန္ဒိယနိုင်ငံသည် လူဦးရေထူထပ်များပြားသောကြောင့် ၎င်း၏ တစ်ပိုင်းလျှပ်ကူးပစ္စည်း ဈေး ကွက်သည်လည်း အလားအလာ အလွန်ကောင်းနိုင်ကြောင်း၊ ထို့အပြင် အိန္ဒိယနိုင်ငံသည် အလွန် အရေးပါသည့် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရာ နိုင်ငံတစ်နိုင်ငံဖြစ်လာနိုင်ကြောင်း ဟာမာအီကိုယ်စား လှယ် ဆမ်ပီအိယိုဆူကီက ပြောသည်။
အိန္ဒိယအစိုးရသည် ၎င်း၏စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုမဟာဗျူဟာ အစိတ်အပိုင်းတစ်ခု အနေဖြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းလုပ်ငန်းများကို မြေတောင်မြှောက်ပေးရန် အာရုံစိုက်လျက် ရှိသည်။ နိုင်ငံအတွင်း၌ ပထမဆုံးတစ်ပိုင်းလျှပ်ကူးပစ္စည်းများထုတ်လုပ်နိုင်ရန် ဆောင်ရွက်လျက် ရှိပြီး ယခုနှစ်အကုန်တွင် ပြည်တွင်းထုတ်လုပ်မှုစတင်နိုင်ရန် မျှော်မှန်းထားသည်။
အိန္ဒိယနိုင်ငံ၏ တစ်ပိုင်းလျှပ်ကူးပစ္စည်းဈေးကွက်သည် ၂၀၃၀ ပြည့်နှစ်တွင် အမေရိကန် ဒေါ်လာ ဘီလီယံ ၁၀၀ တန်ဖိုးရှိလုပ်ငန်းကြီးအဖြစ် ကြီးထွားလာရန် မျှော်မှန်းထားသည်။
DOCA(ပြည်ထောင်စုနယ်မြေ)