Main menu

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဆီထွက်သီးနှံများ၏ ဈေးနှုန်း/ဈေးကွက်အခြေအနေ

Powered by Drupal

       ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဆီထွက်သီးနှံရိတ်သိမ်းမှုများတွင် နှမ်းနှင့် မြေပဲ ရိတ်သိမ်းမှုများတွင် နှမ်းနှင့်မြေပဲရိတ်သိမ်းမှုအားလုံး ပြီးစီးမှုရှိခဲ့သည်ကို တွေ့ရပါသည်။ နေကြာရိတ်သိမ်းနေဆဲနှင့် နေကြာစိုက်ခင်းအချို့ ပန်းပွင့်စ အနေအထားများကို တွေ့ရှိရပါသည်။  ဒေသတွင်း နှမ်း(နီ)ထွက်ရှိမှု ဆီကြိတ်ခွဲရန် အသုံးပြုမှုတွေ့ရှိရပြီး၊ နှမ်း(နက်)ထွက်ရှိမှုများအား မန္တလေးဈေးကွက်သို့ တင်ပို့ပါသည်။ နှမ်း(နီ)တစ်တင်း(၉၈၀၀၀)ကျပ်၊ နှမ်းနက်(၂၃၀၀၀၀) ဈေး နှုန်းရှိနေပါသည်။ မြေပဲ(အတောင့်) တစ်ပိဿာ (၄၂၀၀)ကျပ် ဈေးနှုန်းဖြစ်ပေါ်နေပါသည်။

          ဈေးကွက်ဖြန့်ဖြူးရန် ကြိတ်ခွဲမှုပမာဏထက် နဝလီကြိတ်ခွဲမှု သုံးဆခန့်မြင့်တက်မှုရှိနေ သည်ကို တွေ့ရပါသည်။ မြေပဲဆံဈေးနှုန်း (၆၅၀၀)ကျပ်ခန့်ရှိလာသော်လည်း ဆီကြိတ်ဖတ်ဈေး နှုန်းမြင့်တက်ခဲ့မှုကြောင့် မြေပဲဆီဈေးနှုန်း မြင့်တက်မှု မရှိခဲ့ပါ။ မြေပဲဆီ (၁၆၀၀၀)ကျပ်၊ နှမ်းဆီ (၁၆၀၀၀)ကျပ်၊ နေကြာဆီ (၁၈၀၀၀)ကျပ် ဈေးနှုန်းဖြစ်ပေါ်မှုရှိနေပါသည်။

        ဆီကြိတ်ဖတ် တင်ပို့မှု ရန်ကုန်နှင့် မန္တလေးသို့ တင်ပို့မှုရှိခဲ့ပြီး၊ မြေပဲဖတ်တင်ပို့မှု အများဆုံး ရှိခဲ့ပါသည်။ နှမ်းဖတ်ဒေသတွင်း မွေးမြူရေးလုပ်ငန်းများမှ ဝယ်ယူမှုများခဲ့သည်ဟု သိရှိရပါသည်။ နှမ်းဖတ်(၂၉၀၀)ကျပ်၊ မြေပဲဖတ်(၅၀၀၀)ကျပ်၊ နေကြာဖတ်(၂၁၀၀)ကျပ် ဈေးနှုန်းရှိနေကြောင်း သိရှိရပါသည်။

DOCA(နေပြည်တော်)