Main menu

ပုသိမ်မြို့တွင် ရောင်းချနေသော နဂါးမောက်သီး ဈေးနှုန်း

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့မဈေးအတွင်းတွင်  နဂါးမောက်သီးများ ရောင်းချ လျက်ရှိကြောင်း  သိရှိရပါသည်။

   နဂါးမောက်သီးပင်များသည် အပူပိုင်းဒေသရာသီဥတုရှိရာ နေရာအနှံ့အပြားတွင် စိုက်ပျိုး ဖြစ်ထွန်းပြီး ရေငတ်ခံနိုင်သော ရှားစောင်းနွယ်ဝင်အပင်တစ်မျိုးဖြစ်သည်။ ယခုအခါတွင် မြန်မာ ပြည်အနှံ့ စိုက်ပျိုးလာကြောင်း တွေ့ရှိရသည်။ နဂါးမောက်သီးတွင် အဖြူ၊ အနီ၊ အဝါ သုံးမျိုးရှိရာ စားသုံးသူများမှာ အနီသီးကို ပိုမိုနှစ်သက်ကြသည်။

    စက်တင်ဘာလပထမအပတ်အတွင်း ဖြစ်ပေါ်နေသော နဂါးမောက်သီးဈေးနှုန်းမှာ နဂါးမောက်သီး အသေး (၁)လုံး လျှင် (၅၀၀) ကျပ်၊ နဂါးမောက်သီး အလတ်(၁)လုံးလျှင် (၇၀၀) ကျပ်နှင့် နဂါးမောက်သီး အကြီး (၁)လုံးလျှင် (၁၀၀၀) ကျပ်အထိရောင်းချလျက်ကြောင်း နဂါးမောက်သီး ရောင်းချသူထံမှ သိရှိရပါသည်။

(DOCA ဧရာဝတီ)