Main menu

တနင်္သာရီတိုင်း ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့် ဘိလပ်မြေစျေးတည်ငြိမ်

Powered by Drupal

     တနင်္သာရီတိုင်းဒေသကြီးအတွင်း စက်တင်ဘာလတွင် ဓါတ်မြေသြဇာ စျေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိပြီး စျေးကွက်တွင် လူသုံးများသည့် တံဆိပ်များနှင့် စျေးနှုန်း များမှာ သံကွင်း (Yuntianhua)မှာ ၅၀ကီလိုဂရမ် တစ်အိတ်လျှင် ကျပ် ၁၁၈၅ဝဝိ၊ သရဖူ(ထိုင်းနိုင်ငံ) တစ်အိတ်လျှင်  ကျပ် ၁၂၅၀ဝဝ/-၊ Vedagro (ဗီယက်နမ်) တစ်အိတ်လျှင် ကျပ် ၈၆၅ဝဝ/-၊ ၁၈:၄:၅ (သရဖူ)တစ်အိတ်လျှင် ကျပ် ၁၀ဝဝဝဝ/-၊ ၁၅ပတ်လည်(အာမို)တစ်အိတ်လျှင် ကျပ် ၁၅၀၀၀၀/-၊  တနင်္သာရီတိုင်းဒေသကြီးတွင် ပိုးသတ်ဆေးစျေးနှုန်းများမှာ ဒါနာဒင် ၁၀၀စီစီ တစ်ဘူးလျှင် ကျပ် ၆၂၀၀၊ မာလာမြိုင်ဖန့်ဆို ၁၀၀စီစီ တစ်ဘူးလျှင် ကျပ် ၄၀၀၀၊ သန်ဒါး(မြန်မာသြဘာ) ၁၀စီစီ တစ်ဘူးလျှင် ကျပ် ၁၉၀၀၊ ဒိုဇာ(မြန်မာသြဘာ) ၁၀စီစီ တစ်ဘူးလျှင် ကျပ် ၁၅၀၀/-ဖြင့် အရောင်း အဝယ်ဖြစ် နေကြောင်းစုံစမ်းသိရှိရပါသည်။

       စက်တင်ဘာလ ဒုတိယအပတ်တွင် ဘိလပ်မြေစျေးနှုန်းမှာ တည်ငြိမ်လျက်ရှိပြီး ဆင်နီ(ထိုင်း) တစ်အိတ်လျှင် ကျပ် ၁၅၈၀၀၊ ကြံ့(၂)ကောင်တံဆိပ် ကျပ် ၁၀၇၀၀၊ apache တံဆိပ် ကျပ် ၁၁၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များမှ စုံစမ်းသိရှိ ရပါသည်။

       ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့်  ဘိလပ်မြေစျေးနှုန်းများမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် စျေးနှုန်းများတည်ငြိမ်နေပြီး အရောင်းအဝယ်မှာပုံမှန်ရှိနေကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)