
မုံရွာမြို့တွင် ၂၀၂၅ခုနှစ် ဩဂုတ်လ ပထမအပတ်တွင် ရောင်းချလျက်ရှိသော ဆောက်လုပ်ရေး လုပ်ငန်းသုံး သံချောင်းလုံး (၃)မူးတစ်တန် ကျပ်၁၆၅၀၀၀၀၊ (၅)မူးတစ်တန် ကျပ်၁၅၅၀၀၀၀၊ (၆)မူးတစ်တန် ကျပ် ၁၉၀၀၀၀၀ ဈေးဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး၊ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ပထမအပတ်တွင် ဆောက်လုပ်ရေးလုပ်ငန်းသုံး သံချောင်းလုံး (၃)မူးတစ်တန် ကျပ်၁၇၅၀၀၀၀၊ (၅)မူးတစ်တန် ကျပ်၁၆၅၀၀၀၀၊ (၆)မူးတစ်တန် ကျပ် ၂၀၀၀၀၀၀ ဖြင့်အရောင်း အဝယ်ဖြစ်လျက် ရှိကြောင်းသိရပါသည်။
ဆောက်လုပ်ရေးလုပ်ငန်းသုံး သံချောင်းဈေးနှုန်းများကို ၂၀၂၅ခုနှစ် ဩဂုတ်လ ပထမအပတ်နှင့် ၂၀၂၅ခုနှစ် စက်တင်ဘာလ ပထမအပတ်တို့ ဈေးနှုန်းများနှိုင်းယှဉ်ရာတွင် (၃)မူးတစ်တန် ကျပ်(၁၀၀၀၀၀) ၊ (၅)မူးတစ်တန် ကျပ် (၁၀၀၀၀၀) ၊ (၆)မူးတစ်တန် ကျပ် (၁၀၀၀၀၀)တို့ဖြင့် ဈေးနှုန်းများ တက်လျက်ရှိကြောင်း သိရပါသည်။
DOCA(စစ်ကိုင်း)