
ကမ္ဘာ့ဘဏ်သည် ကမ္ဘောဒီးယားနိုင်ငံအတွင်းရှိ ကလေး ၁.၇ သန်းကျော်ကို အကျိုးပြုနိုင် မည့် ပညာရေးမြှင့်တင်မှု ပရောဂျက်တစ်ခုအတွက် ချေးငွေနှင့်ထောက်ပံ့ငွေစုစုပေါင်း အမေရိကန် ဒေါ်လာ ၁၀၅ သန်းအား ကမ္ဘာဘဏ်မှ အတည်ပြုလိုက်ကြောင်း စက်တင်ဘာ ၁ ရက်နေ့ ကမ္ဘာ့ ဘဏ်၏ ထုတ်ပြန်ချက်အရသိရသည်။
ဒေါ်လာသန်း ၁၀၀ တန်ဖိုးရှိသော ခရက်ဒစ်နှင့် ဒေါ်လာ ၅ သန်းထောက်ပံ့ကြေး ပမာဏ အား အရှေ့တောင်အာရှနိုင်ငံတစ်ဝှမ်းရှိ မူလတန်းကျောင်းများတွင် အခြေခံစာတတ်မြောက်မှုနှင့် ဂဏန်းအတတ်ပညာများအားကောင်းလာစေရန်အတွက် အသုံးပြုသွားမည်ဖြစ်သည်။
အဆိုပါစီမံကိန်းသည် ကလေးများ၏ ပညာရေးနှင့် ကလေးစောင့်ရှောက်ရေးဝန်ဆောင်မှု များကို တိုးတက်အောင်ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်စေရန်နှင့် ပညာသင်ကြားမှု အရည်အသွေး မြှင့်တင်ရန် ကျောင်းအခြေခံအဆောက်အအုံများ အဆင့်မြှင့်တင်ခြင်းနှင့် ပညာရေးစီမံခန့်ခွဲမှုစနစ် များ အားကောင်းလာစေရန်ရည်ရွယ်ထားကြောင်း သိရသည်။
Source : Xinhua
DOCA (ရန်ကုန်)