
ဗီယက်နမ်နိုင်ငံအခြေစိုက် Hong Nga Saigon Co., Ltd ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သည့် Agro King Trading Co., Ltd သည် Pailin ခရိုင်၏ စိုက်ပျိုးရေးထွက်ကုန်များအတွက် အကြီးစားဝယ်ယူရေးအမှာစာများကို အတည်ပြုလိုက်သောကြောင့် ကမ္ဘောဒီးယားနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍသည် သိသိသာသာ တိုးတက်လာခဲ့ကြောင်း စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန(MAFF) မှ ထုတ်ပြန်ထားသည်။ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန(MAFF) မှ လက်ထောက်အတွင်းရေးမှူး Ky Chanromduol က လယ်ယာ ထွက်ကုန် များအား နှစ်စဉ် စုစုပေါင်း တန်ချိန် ၅၃၄,၀၀၀ ဖြစ်သောစပါးနီ တန်ချိန် ၅၀၀,၀၀၀၊ ကြိတ်ခွဲပြီး ဆန် တန်ချိန် ၂ဝ၀၊ ပဲပိစပ် တန်ချိန် ၂,၀၀၀ တို့ကိုဝယ်ယူမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ အဆိုပါ ကတိကဝတ်ပြုမှုသည် ကမ္ဘောဒီးယားတောင်သူလယ်သမားများအတွက် တည်ငြိမ်သော ဈေးကွက်ကို အာမခံရုံသာမက ဗီယက်နမ်နှင့် နယ်စပ်ဖြတ်ကျော် စိုက်ပျိုးရေးကုန်သွယ်မှု ကိုလည်း ခိုင်မာစေမည်ဖြစ်သည်။ ကုမ္ပဏီ၏ဝယ်ယူရေး အစီအစဉ်သည် Pailin ခရိုင်၏ စိုက်ပျိုးရေး တန်ဖိုးကွင်းဆက်ကို မြှင့်တင်ပေးစဉ်တွင် ဒေသထွက်သီးနှံများ၏ လိုအပ်ချက်ကို တစ်သမတ်တည်း ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။ အစိုးရနှစ်ရပ်စလုံးက ပုဂ္ဂလိကကုမ္ပဏီများ အား စိတ်ချရသော ထောက်ပံ့ရေးကွင်းဆက်များ လုံခြုံစေရန်နှင့် ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံမှုကို မြှင့်တင်ပေးခြင်းဖြင့် ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့ကြား စိုက်ပျိုးကုန်သွယ်မှုတွင် တိုးပွားလာသော ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေကြောင်း MAFF မှ ထုတ်ပြန်ထားသည်။
Source: Khmer Times
DOCA (ရန်ကုန်)