Main menu

ပထမနှစ်ဝက်တွင် ထိုင်းနိုင်ငံ၌ နိုင်ငံခြားကွန်ဒိုပြောင်းရွေ့မှုများမြင့်တက်လျက်ရှိ

Powered by Drupal

   အိမ်ခြံမြေသတင်းအချက်အလက်စင်တာ (REIC) သည် ယခုနှစ်ပထမနှစ်ဝက်တွင် နိုင်ငံခြားဝယ်ယူသူများသည် ဘတ်ငွေ ၂၈.၇၁ ဘီလီယံခန့်တန်ကြေးရှိသော ကွန်ဒိုတိုက်ခန်းပေါင်း ၇၁၆၇ ခန်းကို လွှဲပြောင်းခဲ့ပြီး ၈၀ ရာခိုင်နှုန်းကို ဘန်ကောက်နှင့် Chon Buri တွင် စုစည်းခဲ့ကြောင်း သိရပါသည်။ တရုတ်နိုင်ငံသည် ထိပ်သီးဦးဆောင်လျက်ရှိပြီး ဒုတိယသုံးလပတ်ကာလတွင် ဘတ် ၆.၁၁ ဘီလီယံခန့် တန်ကြေးရှိသော တိုက်ခန်းပေါင်း ၈၉၉ ခန်းကို လွှဲပြောင်းခဲ့သော်လည်း ပမဏ များသည် ဆက်လက်ကျဆင်းနေကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်၊ ဒုတိယသုံးလပတ်ကာလတွင် လွှဲပြောင်းမှုများသည် ၂၈.၈ ရာခိုင်နှုန်းခန့်ကျဆင်းခဲ့ပြီး တရုတ်နိုင်ငံ၏ ပြည်တွင်း စီးပွားရေး ကျဆင်းမှုသည် တည်ဆောက်မှုအဆင့်တွင် ပြည်ပရင်းနှီးမြှုပ်နှံမှုအမူအကျင့်ကို စတင် သက်ရောက်မှုများ ရှိနေပြီဖြစ်ကြောင်း ပြသနေပါသည်။ အိမ်နီးချင်းနိုင်ငံဖြစ်သော မြန်မာနိုင်ငံသည် ဝယ်လိုအားမြင့်တက်မှုနှင့်အတူ ခန့်မှန်းချက်များထက် ကျော်လွန်ခဲ့ကြောင်းပြီး ဒုတိယသုံးလပတ်ကာလတွင် ဘတ်ငွေ ၁.၃၄ ဘီလီယံခန့် တန်ကြေးရှိသော‌ ရွှေ့ပြောင်းမှုပေါင်း ၅၃၃ ခု၊ ၁၁၉.၃ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ကြောင်း သိရပါသည်။ အဆိုပါ မြင့်တက်မှု၏ အဓိက မောင်းနှင်တံသည် မြေငလျှင်ဒဏ်ကြောင့် မြန်မာနိုင်ငံသား နေထိုင်သူများ သည် ထိုင်းနိုင်ငံရှိ ချင်းမိုင်၊ ချွန်ဘူရီနှင့် ဘန်ကောက်မြို့များတွင်‌ ‌ရွှေ့ပြောင်းနေထိုင်လျက်ရှိကြောင်း သိရပါသည်။

Source: Nation Thailand                                                            

DOCA (ရန်ကုန်)