Main menu

ပြည်မြို့၏ ငရုတ်သီးဈေးကွက်အခြေအနေ

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ မြို့မစည်ပင်သာယာဈေးကြီးနှင့် အခြား မြို့ပေါ်ဈေးများတွင် ရောင်းချနေသော ငရုတ်သီးစိမ်းအမျိုးအစားများမှာ ပင်နံငရုတ်သီး၊ ငရုတ်သီး အစပ်သီးနှင့် ကျောက်စိမ်းသီးမျိုးများဖြစ်ကြသည်။ ပီနံငရုတ်သီးကို ရန်ကုန် သီရိမင်္ဂလာဈေးမှ ပြန်လည်ဝယ်ယူသလို ပြည်မြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ၊ မြို့နယ်များမှ ဝင်ရောက်ကြောင်း သိရသည်။ ကျောက်စိမ်းသီး တစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ ငရုတ်သီးအစပ် (ဂျီဆွယ်)သီး တစ်ပိဿာလျှင် (၃၀၀၀)ကျပ်နှင့် ပီနံအစစ်သီး တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်ဈေးရှိကြောင်း သိရသည်။

DOCA(ပဲခူး)