
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြိတ်မြို့ ပေါ်ရှိရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှ စားဖိုဆောင် သီးနှံဖြစ်သည့် ပဲတောင့်ရှည်၊ ခရမ်းသီး၊ ငရုတ်သီး၊ ဘူးသီး၊ ရုံးပတီသီးကို တစ်နိုင်တစ်ပိုင်စိုက်ပျိုး ကြပါသည်။ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ပဲတောင့်ရှည်ကိုရပ်ကွက်များတွင် ပိုမိုစိုက်ပျိုးကြ ကြောင်း သိရှိရပါသည်။ ပဲတောင့်ရှည်ကို စမ်းချောင်းကုန်စိမ်းဈေးနှင့် ရပ်ကွက်ဈေးငယ်များတွင် ရောင်းချကြကြောင်း အသီးအနှံစိုက်ပျိုးနေသူတစ်ဦးထံမှ သိရှိရပါသည်။
ယခု၂၀၂၅ခုနှစ် စက်တင်ဘာလပထမပတ်တွင် ဖြစ်ပေါ်နေသောမြိတ်မြို့ပေါ်ရှိ ပဲတောင့်ရှည်ဈေးနှုန်းမှာ အစီးငယ်တစ်စီးလျှင် (၈၀၀)ကျပ်ရှိပြီး အစီးကြီးတစ်စီးလျှင်(၄၀၀၀)ကျပ်ဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)