Main menu

“ကျောက်ဆည်မြို့နယ်၏ နှံစားပြောင်းသီးနှံ စိုက်ပျိုးမှုအခြေအနေ”

Powered by Drupal

     ကျောက်ဆည်ခရိုင်အတွင်း သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းပြီး ဆီထွက်သီးနှံများဖြစ်သော နှမ်း၊ နေကြာ၊ မြေပဲများအပြင် စျေးကွက်ဝယ်လိုအားရှိပြီး ကျွဲ၊နွားစာပါဖူလုံသော နှံစားပြောင်းသီးနှံကို လည်းစိုက်ပျိုးလျက်ရှိပါသည်။ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင် နှံစားပြောင်း သီးနှံကို(၂၄၃၇)ဧက စိုက်ပျိုးပြီးစီးပြီးဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည်။ စိုက်ပျိုးရာတွင် မျိုးအနေဖြင့် တိုးနီမျိုးများကို အများဆုံး စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် မျိုး(၄)ပြည် စိုက်ပျိုးရပြီး၊ (၁)ပြည်လျှင်(၂၀၀၀/-) ကျပ်ဖြင့် ဝယ်ယူရကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် ထယ်စနစ်ဖြင့် စိုက်ကြောင်းဆွဲ အစေ့ချ ၊ အတန်းလိုက် စိုက်ပျိုးရကြောင်း ၊ စိုက်ပျိုးမှု (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး ၊ သွင်းအားစု ၊ လုပ်သားခ အပါအဝင် စုစုပေါင်း(၃၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း ၊ ဇူလိုင်လဆန်းတွင် စတင်စိုက်ပျိုးပြီး နိုဝင်ဘာလတွင် စတင်ထွက်ရှိမည်ဖြစ် ကြောင်း ၊ ယခင်နှစ် အထွက်နှုန်းအနေဖြင့် (၂၅-၃၀) တင်းခန့် ထွက်ရှိကြောင်း၊ နှံ စားပြောင်း တစ်တင်းစျေးနှုန်း အနေဖြင့် (၃၀၀၀၀/-)ကျပ်ဖြင့် ရောင်းဝယ်ခဲ့သောကြောင့် စိုက်ပျိုးစရိတ်နှုတ်ပြီး (၄၅၀၀၀၀/-)ကျပ်ခန့်မြတ်ကြောင်း ၊ ယခုလက်ရှိ နှံစားပြောင်းစျေးနှုန်းအနေဖြင့် တစ်တင်းလျှင် (၂၄၀၀၀/-)ကျပ်စျေးနှုန်းများဖြင့်ရောင်းဝယ်လျှက်ရှိပြီး ထွက်ပေါ်ချိန်တွင် တောင်သူများမှ ပွဲရုံများသို့ တိုက်ရိုက်တင်ပို့‌ရောင်းချကြပြီး ပွဲရုံများမှတဆင့် မန္တလေး ၊ ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချ လျှက်ရှိကြောင်း၊ နှံစားပြောင်းသီးနှံ စိုက်ပျိုးခြင်းဖြင့် စီးပွားဖြစ်ဝင်ငွေတိုးရုံသာမက ကျွဲ၊နွားစာပါ ဖူလုံသောကြောင့် တောင်သူများ တိုးချဲ့ စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)