မြန်မာနိုင်ငံသည် နွေ၊ မိုး၊ဆောင်း ဥတုသုံးပါးညီမျှခြင်းကြောင့် ဒေသမရွေး သီးပင်၊ စားပင်များ အားစိုက်ပျိုးဖြစ်ထွန်းကြပါသည်။ ၎င်းသီးနှံများအနက် ခရမ်းချဉ်သီး သီးနှံကို ဒေသမရွေး လွယ်ကူစွာ စိုက်ပျိုးလျက်ရှိပါသည်။ ယခုအချိန်တွင် ကျောက်ဆည်မြို့ရှိ အေးမြကြည်လင်ဈေး နှင့် မြို့မဈေးတို့ အတွင်းရောင်းချလျက်ရှိသော ခရမ်းချဉ်သီးများဝင်ရောက်လျက်ရှိရာ ယခုအချိန်တွင်မြို့နယ်အတွင်း စိုက်ပျိုးထားသော ခရမ်းချဉ်သီး သီးနှံများထွက်ပေါ်နေပြီဖြစ်ပါသည် ။ ခရမ်းချဉ်သီး စျေးနှုန်း အနေဖြင့် သြဂုတ်လနောက်ဆုံးပတ်တွင် တစ်ပိဿာလျှင်(၂၀၀၀-၂၅၀၀)ကျပ်ရှိခဲ့ရာမှ စက်တင်ဘာလ ဆန်းပိုင်းတွင် တစ်ပိဿာလျှင်(၁၅၀၀-၂၀၀၀)ကျပ်ဖြင့် စျေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိပြီး ယခင်အပတ်နှင့် ယခုအပတ်နှိုင်းယှဉ်ပါက စျေးနှုန်းများကျဆင်းနေကြောင်းခရမ်းချဉ်သီးရောင်းချသည့် စျေးသည်များထံမှ သိရှိရပါသည်။
DOCA(မန္တလေး)