
တောင်ကိုရီးယားနိုင်ငံ၏ မော်တော်ကားတင်သွင်းမှုသည် အမေရိကန်လျှပ်စစ်ကားများနှင့် ဂျာမန်ဇိမ်ခံကားများ ဝယ်လိုအား ခိုင်မာမှုကြောင့် လွန်ခဲ့သောလက ရောင်းရငွေတိုးတက်ခဲ့ ကြောင်း ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့က ထုတ်ပြန်သည့် စက်မှုဆိုင်ရာ အချက်အလက်များအရ သိရှိရပါသည်။
ကိုရီးယားမော်တော်ကားတင်းသွင်းသူများနှင့် ဖြန့်ဖြူးသူများအသင်း၏ အဆိုအရ သြဂုတ်လတွင် သွင်းကုန်ယာဉ်ရောင်းချမှုသည် ယခင်နှစ်ကထက် ၂၂.၆ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ၂၇၃၀၄ စီး ရောင်းချခဲ့ပါသည်။
ယခုနှစ်၏ ပထမ ၈ လအတွင်း နိုင်ငံခြားယာဉ် ၁၉၂၅၁၄ စီး ရောင်းချခဲ့ပြီး ပြီးခဲ့သည့်နှစ်က ထက် ၁၃.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။
အမေရိကန်ကားထုတ်လုပ်ရေး ကုမ္ပဏီ Tesla သည် ပြီးခဲ့သည့်လက ၇၉၇၄ စီးရောင်း ချခဲ့ပြီး နိုင်ငံခြားကုမ္ပဏီးများအနက် မော်တော်ကားရောင်းချမှုတွင် ပထမနေရာ ရရှိခဲ့ပါသည်။
ဂျာမန်ကားထုတ်လုပ်ရေး BMW သည် ၆၄၅၈ စီး ရောင်းချခဲ့ပြီး ဒုတိယနေရာတွင် ရပ်တည်နေပါသည်။၄င်းတို့၏ နောက်တွင် ဂျာမန်ကားထုတ်လုပ်ရေး Mercedes -Benz က ၄၃၃၂ စီး၊ Volvo က ၁၃၁၃စီး၊ Audi က ၁၂၆၃ စီးနှင့် Lexus က ၁၂၄၉ စီးတို့ဖြင့် အစဉ်လိုက် ရပ်တည်နေကြောင်း သတင်းရရှိပါသည်။
Source : Xinhua
DOCA(ရန်ကုန်)