
ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့သည် ကုန်သွယ်မှုစီးဆင်းမှုကို မြှင့်တင်ပေးမည့် နယ်စပ်ဖြတ်ကျော်စစ်ဆေးရေးဂိတ်အသစ်တစ်ခုကို ကမ္ဘောဒီးယားနိုင်ငံ၊ Prey Veng ပြည်နယ်နှင့် ဗီယက်နမ်နိုင်ငံ Tay Ninh ပြည်နယ်တို့ကြားတွင် ကုန်စည်ထောက်ပံ့ရေးအချက်အချာအဖြစ် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင် ဆောင်ရွက်နိုင်ရန်အတွက် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။ Tay Ninh-Meun Chey အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်ဖွင့်လှစ်ရေး သဘောတူညီချက် ကို Tay Ninh ပြည်သူ့ကော်မတီ ဒုတိယဥက္ကဋ္ဌ Nguyen Hong Thanh နှင့် Prey Veng ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး Pich Sotharoth တို့ ၂၀၂၅ ခုနှစ်၊ သြဂုတ် ၂၉ ရက်က ဗီယက်နမ်နိုင်ငံ၌ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။ ဆွေးနွေးမှုတွင် Tay Ninh ဒုတိယ ဥက္ကဋ္ဌ က ဖွင့်ပွဲအခမ်းအနားသည် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်ရည်ရွယ်ပြီး နက်ရှိုင်း၍ ရေရှည်တည်တံ့သော စီးပွားရေးပေါင်းစည်းမှုကို အရှိန်မြှင့်ရန်နှင့် ကာကွယ်ရေး၊ လုံခြုံရေးနှင့် နယ်စပ် သံတမံရေးဆိုင်ရာ လုပ်ငန်းများ အားကောင်းစေရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။ ကုန်စည်ပို့ဆောင်မှု၊ လုံခြုံရေး၊ အကောက်ခွန်နှင့် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှု လွယ်ကူ ချောမွေ့စေရေးတို့ကို အလေးပေးဆောင်ရွက်ကာ ဖွင့်ပွဲအစီအစဉ်ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်စေရန်အတွက် ခရိုင်အုပ်ချုပ်ရေးအဖွဲ့နှင့် အနီးကပ်ပူးပေါင်း ဆောင်ရွက် သွားရန် တိုက်တွန်းခဲ့သည်။ တွေ့ဆုံပွဲအပြီးတွင် နှစ်ဖက်စလုံးက အောက်တိုဘာ ၂၀ ရက်မှ ၃၀ ရက်အထိ ကျင်းပရန် စီစဉ်ထားသည့် Tay Ninh-Meun Chey အပြည်ပြည်ဆိုင်ရာ နယ်စပ် စစ်ဆေးရေးဂိတ်ဖွင့်ပွဲအခမ်း အနားအတွက် ကြိုတင်ပြင်ဆင်မှုအစီအစဉ်ကို သဘောတူညီခဲ့ကြ သည်။ အဆိုပါ စစ်ဆေးရေးဂိတ်သစ်သည် နှစ်နိုင်ငံကုန်စည်များ၊ ခရီးသွားများနှင့် များ ပြည်သူများ ချောမွေ့စွာ သွားလာနိုင်ရေး၊ ကုန်သွယ်မှုကိုမြှင့်တင်ရန်နှင့် ထိုင်းနိုင်ငံနှင့် ယာယီနယ်စပ် ကုန်သွယ်ရေး ပိတ်ထားချိန်တွင် လမ်းကြောင်းအသစ်တစ်ခုကို ဖွင့်လှစ်နိုင်ရန် မျှော်လင့်ထားကြောင်း ကမ္ဘောဒီးယားနိုင်ငံမှ ထုတ်ပြန်ထားသည်။
Source: Khmer Times
DOCA(ရန်ကုန်)