Main menu

Kampot ၏အကြီးဆုံးငှက်ပျောစိုက်ခင်းသည် ပြည်တွင်းနှင့် ပြည်ပစျေးကွက်အတွက် လုပ်ငန်းများ တိုးချဲ့

Powered by Drupal

       World Tristar Cambodia ၏ Kampot ပြည်နယ်ရှိ အကြီးဆုံး Cavendish ငှက်ပျောခြံ သည် ပြည်တွင်းနှင့် နိုင်ငံတကာ စျေးကွက်နှစ်ခုလုံး၏ ဝယ်လိုအားကို ဖြည့်ဆည်းရန် ၎င်း၏ လုပ်ငန်းများကို သိသိသာသာ တိုးချဲ့လျက်ရှိသည်။ ကုမ္ပဏီကိုယ်စားလှယ် Heang Menghoung ၏ ပြောကြားချက်အရ World Tristar Cambodia သည် ယခုအချိန်အထိ ဟက်တာ ၁,၀၀၀ ရှိပြီး Chhouk ခရိုင်၊ Trapeang Phleang Community တွင် တည်ရှိသည်။ လက်ရှိတွင် ငှက်ပျော စိုက်ခင်းသည် တစ်လလျှင် ငှက်ပျောသီး ပျမ်းမျှတန်ချိန် ၇၀၀ (အကြမ်းအားဖြင့် ၃၅ ကွန်တိန်နာ) အဓိကအားဖြင့် တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိသည်။  ပြည်တွင်းရောင်းအား ဆက်လက် အားကောင်းနေချိန်တွင် တောင်ကိုးရီးယားနှင့် ဗီယက်နမ်နိုင်ငံတို့သို့ ပမာဏအနည်းငယ် တင်ပို့လျက်ရှိသည်။ Trapeang Phleang Community သည် အဓိက Cavendish ငှက်ပျော ကုမ္ပဏီ နှစ်ခုဖြစ်သည့် Long Met Plantation (ဟက်တာ ၄၀၀) နှင့် World Tristar Cambodia (ဟက်တာ ၄,၀၀၀ ကျော်) တို့၏ အဓိကစိုက်ပျိုးရာခြံမြေများဖြစ်ကြောင်း ဒေသအာဏာပိုင်များ က အစီရင်ခံစာ ထုတ်ပြန်ထားသည်။  အဆိုပါ စိုက်ခင်းနှစ်ခုသည် တရုတ်နိုင်ငံသို့ နှစ်စဉ် ငှက်ပျောသီးတန်ချိန် ၃၀,၀၀၀ ကျော် တင်ပို့လျက်ရှိပြီး လာမည့်နှစ်များတွင် တင်ပို့မှုများ ဆက်လက်တိုးတက်လာမည်ဟု မျှော်မှန်းထားကြသည်။ 

Source: Khmer Times                                                                                    

DOCA(ရန်ကုန်)