Main menu

ဂျပန်သို့ သီဟိုဠ်စေ့တင်ပို့မှုကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ထောက်ခံ

Powered by Drupal

      ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး၊ Cham Nimul သည် Mirarth Energy Solutions Inc. နှင့် ၎င်း၏လုပ်ဖော်ကိုင်ဖက်များအား သီဟိုဠ်စေ့များအပြင် အခြားသော ကမ္ဘောဒီးယားထုတ်ကုန်များ အထူးသဖြင့် Geographical Indication (GI) ပစ္စည်းများအား ဂျပန်ဈေးကွက်များသို့ ဆက်လက်တင်ပို့ရောင်းချရန် တိုက်တွန်းအားပေးခဲ့သည်။ Mirarth Energy Solutions Inc.နှင့် Mirarth Holdings Inc. တို့မှကိုယ်စားလှယ်အဖွဲ့များ၊ ITOCHU Corporation ၏ ကိုယ်စားလှယ်များနှင့် လုပ်ဖော်ကိုင်ဖက်များနှင့်အတူ Taniguchi Kentaro မှ ဥက္ကဋ္ဌနှင့် CEO ဖြစ်သူ Taniguchi Kentaro တို့ စက်တင်ဘာ ၃ ရက်နေ့က ဂျပန်နိုင်ငံ၊ Kansai ပြည်နယ်တွင် တွေ့ဆုံစဉ် အဆိုပါတိုက်တွန်းမှုကို ပြောကြားခဲ့ခြင်ဖြစ်သည်။ တွေ့ဆုံမှုတွင် ဝန်ကြီး Cham Nimul မှ Mirarth Holdings Inc. နှင့် မိတ်ဖက်ကုမ္ပဏီများအား စီမံဆောင်ရွက်နိုင်မှုစွမ်းရည်မြှင့်တင်ရန်နှင့် နိုင်ငံတကာစံချိန်စံညွှန်းပြည့်မီသော အရည်အသွေး မြင့်ကမ္ဘောဒီးယားသီဟိုဠ်စေ့များကို ဂျပန်နိုင်ငံဈေးကွက်နှင့် အခြားပစ်မှတ်ဈေးကွက်များသို့ တင်ပို့ရောင်းချခြင်းအတွက် မိတ်ဖက်ကုမ္ပဏီများအားလုံးအား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ Mirarth Energy Solutions Inc. ၏ ဥက္ကဌနှင့် CEO ဖြစ်သူ Taniguchi Kentaro မှ ကုမ္ပဏီနှင့် ကိုယ်စားလှယ်အဖွဲ့များအား ၎င်းတို့၏တိုးတက်မှုများကို အစီရင်ခံ တင်ပြရန် အခွင့်အရေးပေးသည့်အတွက် Cham Nimul အား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ ကုမ္ပဏီသည် ဝန်ကြီးဌာန၏ ပို့ကုန်မြှင့်တင်ရေး လုပ်ငန်းအဖွဲ့နှင့် နီးကပ်စွာ လုပ်ဆောင်နေပြီး ဂျပန်နိုင်ငံတွင် ဆိုင်ခွဲပေါင်း ၁၆,၃၂၀ ရှိပြီး ယခုအခါ ကမ္ဘောဒီးယား သီဟိုဠ်စေ့များကို ရောင်းချလျက်ရှိကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။

Source: Khmer Times                                                                                   

DOCA(ရန်ကုန်)