
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများ ကို လစဉ်ဆောင်ရွက်လျှက်ရှိရာ စက်တင်ဘာလ(၃)ရက်နေ့၊ နေ့လည်(၁၄:၂၀)နာရီအချိန်တွင် ကွမ်းခြံကုန်းမြို့နယ် အ.ထ.က တော်လန်ကျောင်းသို့ ဆက်စပ်ဌာနများနှင့် ပူးပေါင်း၍ စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြို့နယ်စား သုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ကွမ်းခြံကုန်းမြို့နယ် အ.ထ.က တော်လန်ကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်ပြုလုပ်သော စာဖတ်ရှိန်မြှင့်ရေးလှုပ်ရှား မှုအခမ်းအနား လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ပြန်ဆက်ဦးစီးဌာနဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးက လူငယ်များ ဗလငါးတန်ပြည့်ဝစေရန် စာဖတ်ကြရန်လိုကြောင်း၊ ကျောင်း သင်ခန်းစာများအပြင် သုတ၊ ရသ၊ စာပေများကို လေ့လာဖတ်ရှု့ရန် လိုအပ်ကြောင်း၊ ယခုခေတ် တွင် AI နည်းပညာများ ခေတ်စားနေပြီဖြစ်၍ အမှား/အမှန်ခွဲခြား သိမြင်နိုင်ရန် စာများများဖတ်ရန် လိုအပ်ကြောင်း ဟောပြောခြင်း၊ တိုင်းရင်းသားပညာဦးစီးဌာန လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အေးမြတ်စိုးက ပတ်ဝန်းကျင်မှ အလေ့ကျပေါက်သောအပင်များတွင် ဆေးဖက်ဝင်သော အပင်များရှိကြောင်း၊ အိမ်တွင် အလွယ်တကူ ရနိုင်သော ကွမ်းရွက်များ၏ ဆေးဖက်ဝင်ပုံများ အကြောင်းတို့ကို ဟောပြောခြင်းနှင့် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြ ခြင်းဆိုင်ရာ အချက်အလက်များ၊ တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်း၊ အွန်လိုင်းမှတစ် ဆင့်ဈေးဝယ်ယူခြင်းနှင့် ပတ်သတ်၍ သိကောင်းစရာများကို အသီးသီးဟောပြောဆွေးနွေးခဲ့ကြ သည်။
အဆိုပါ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၂၀၀)ဦး တက်ရောက်ခဲ့ကြပြီး ဟောပြောပွဲပြီးချိန်တွင် အ.ထ.က တော်လန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးမှ Consumer Call Center No.1535 သို့ လက်တွေ့ ခေါ်ဆိုမေးမြန်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)