
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ပညာရေးမိသားစု၏ (ဒသမ)အကြိမ်မြောက် ဓမ္မာစကြာနှင့် ပဋ္ဌာန်းဒေသနာတော်ရွတ်ဆို ပူဇော်ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ၂၃.၈.၂၀၂၅ ရက်နေ့ နံနက် (၀၇း၀၀) နာရီအချိန်တွင်မြို့မ(၂)ရပ်ကွက်ရှိ လေးထပ်သာသနာ့ဗိမာန်တော်ကြီး၌ ပြုလုပ်သည်။
ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား စတင် ဖွင့်လှစ်ခဲ့ပြီး ဂျုံးဂျုံးကျတောရကျောင်း ဆရာတော် မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဘဒ္ဒန္တကိတ္တိ ဝဏ္ဏထံမှ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင် ဦးဆန်းဦး၊ မြို့နယ်ပညာရေး မှူး ဦးသန်းထွန်းဋ္ဌေးနှင့် ဧည့်ပရိသတ်အပေါင်းက ငါးပါးသီလခံယူ ဆောက်တည်သည်။ ထို့နောက် ဆရာတော်ကြီးထံမှ သြဝါဒဂါထာ ချီးမြှင့်ကာ ပြိုင်ပွဲဝင် ဝတ်ရွတ်အသင်းကျောင်းများ မှ အလှည့်ကျစတင်ယှဉ်ပြိုင်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲကို ကျောင်းသား/သူ လူငယ်များမှ ရတနာသုံးပါး ကိုးကွယ်ဆည်းကပ်မှု မှန်ကန်ရန်နှင့် ဗုဒ္ဓဒေသနာတော်များကို ဋ္ဌာန်ကရိုဏ်ကျကျအသံနေအထား မှန်ကန်စွာဖြင့် ရွတ်ဖတ်တတ်စေရန်အတွက် ပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ အထက်တန်း၊ အလယ်တန်း ဝတ်ရွတ်အသင်း (၃၂) သင်း မှ (၄)ရက်ကြာ ရွတ်ဆိုပူဇော် ပါဝင်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
DOCA (မွန်)