Main menu

မုံရွာမြို့ ငွေကြယ် မုန့်တိုက်လုပ်ငန်းရှင် တွေ့ဆုံခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး သည်  (၂၂.၈.၂၀၂၅) နေ့ နံနက်ပိုင်း (၁၁:၀၀ ) အချိန်တွင် မုံရွာမြို့ နန္ဒဝန်ရပ်ကွက်ရှိ ငွေကြယ်မုန့်တိုက် လုပ်ငန်း ပိုင်ရှင် ဒေါ်မော်မော် နှင့်တွေ့ဆုံ၍ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး နှင့်ကုန်အညွှန်း အမှတ် အသားပြည့်စုံစေရေး လုပ်ငန်းရှင်တွေ့ဆုံခြင်း ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့တွေ့ဆုံဆွေးနွေးရာတွင်  ဈေးကွက်မရောက်မီ ကုန်စည်များ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေ ရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များ စားသုံးသူများသို့ လက်ဝယ်ဖြန့်ချီ သည့်အခါ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ သုံးသူကာကွယ်ရေးဥပဒေပါ လုပ်ငန်းရှင် များ ၏ တာဝန်နှင့် တားမြစ်ချက်များ၊ ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာဖော်ပြရေး၊ သက်ဆိုင်ရာ ဌာနများ၏ FDAဌာန၏ ခွင့်ပြုချက် ထုတ်လုပ်မှုအမှတ်စဉ်များ စနစ်တကျ လိုက်နာဆောင်ရွက်ရန်၊ စည်ပင်သာယာရေးအဖွဲ့၏ ခွင့်ပြုချက်၊ စက်ရုံ အတွင်း/အပြင် သန့်ရှင်းရေး ဝန်ထမ်းများ၏ တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့်  စားသုံးသူရေးရာဦးစီးဌာန၏ ဥပဒေများအကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)