
ကမ္ဘောဒီးယားနိုင်ငံသည် သြစတြေးလျနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုအသစ်များကို ဆွဲဆောင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ကမ္ဘောဒီးယားနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) ၏ ဒုတိယ ဥက္ကဋ္ဌ Sun Chanthol က ဩစတြေးလျနိုင်ငံ၊ Sydney မြို့တွင် Cambodia Investment Roadshow ကို ဦးဆောင် ဖွဲ့လှစ်ခဲ့သည်။ ၂၅-၈-၂၀၂၅ ရက်နေ့တွင် စတင်ခဲ့သည့် အဆိုပါမစ်ရှင်သည် ကမ္ဘောဒီးယားနိုင်ငံ၏ ကြီးထွားလာနေသော ရင်းနှီးမြှုပ်နှံမှု အလားအလာ များကို ပြသရန်နှင့် နှစ်နိုင်ငံစီးပွားရေးဆက်ဆံမှုများကို ခိုင်မာစေရန် ရည်ရွယ် သည်။ အဓိက ဝန်ကြီးဌာနများမှ အကြီးတန်းအရာရှိများ၊ Cambodian Oknha Association မှ တာဝန်ရှိသူများ၊ ကမ္ဘောဒီးယားနှင့် သြစတြေးလျ နှစ်နိုင်ငံမှ သံအမတ်ကြီးများနှင့် အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့များ တက်ရောက်ခဲ့ကြသည်။ Sydney မစ်ရှင်သည် ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေး မိတ်ဖက်များကို ကွဲပြားစေကာ ရေရှည်တည်တံ့ခိုင်မြဲသောတိုးတက်မှုကို သေချာစေရန်အတွက် ပိုမိုကျယ်ပြန့်သော မဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း CDC မှ မှတ်ချက်ပြုခဲ့သည်။ Sydney Roadshow သည် အဆိုပါ မဟာဗျူဟာအတွက် သိသာထင်ရှားသော ခြေလှမ်းသစ် တစ်ခုဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများအတွက် ပြိုင်ဆိုင်မှုနှင့် ယုံကြည်စိတ်ချရသော ပန်းတိုင်တစ်ခုအဖြစ် ကမ္ဘောဒီးယားနိုင်ငံ၏ ကြိုးပမ်းမှုကို အားဖြည့်ပေးမည်ဖြစ်ကြောင်း CDC မှ ထပ်မံမှတ်ချက်ပြုခဲ့ကြောင်း သိရှိရပါသည်။
Source: Khmer Times
DOCA(ရန်ကုန်)