Main menu

၂၀၂၆ ခုနှစ်ထိ ကမ္ဘာ့ဆန်ဈေးနှုန်း ဆက်လက်ကျဆင်းမည်ဟု IRRI သုတေသနအဖွဲ့ ပြောဆို

Powered by Drupal

      အိန္ဒိယတွင် ဆန်စပါးစိုက်ဧကများပြားလာခြင်းနှင့် ပမာဏအများအပြား သိုလှောင်ထားခြင်းတို့ကြောင့် ကမ္ဘာတစ်ဝန်း ဆန်ထုတ်လုပ်မှု ပိုလျှံနေပြီး ယင်းအခြေအနေသည် ၂၀၂၆ ခုနှစ် အထိ ကမ္ဘာ့ဆန်ဈေးနှုန်းများ ဆက်လက်ကျဆင်းစေလိမ့်မည်ဟု လေ့လာမှုတစ်ခုအရ သိရှိရသည်။

          စံချိန်တင်ရိတ်သိမ်းထုတ်လုပ်မှုများနှင့် အနိမ့်ဆုံးအထောက်အပံ့ဈေးနှုန်း (MSP) ဖြင့် ဝယ် ယူမှုတို့ကြောင့် အိန္ဒိယအစိုးရလက်ဝယ်ရှိ ဆန်သိုလှောင်မှုပမာဏမှာ ဩဂုတ်လအထိ မက်ထရစ် တန်ချိန် ၃၇.၉ သန်း အထိရောက်ရှိခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေသနအဖွဲ့ (IRRI)၏ အကြီးတန်းသိပ္ပံပညာရှင် Alisher Mirzabaevနှင့် The Rice Trader ကုမ္ပဏီမှ အမှု ဆောင်အရာရှိချုပ် Jeremy Zwinger တို့ ပူးတွဲပြုစုထားသည့် လေ့လာမှုတွင် ဖော်ပြထားပါ သည်။

          စံချိန်တင်သိုလှောင်ထားခြင်း၊ ရာသီသစ်တွင် အထွက်နှုန်းများပြားခြင်း၊ ပြည်တွင်းစားသုံးမှု မက်ထရစ်တန်ချိန် ၃၀ သန်းနီးပါး များပြားလာခြင်းတို့နှင့်အတူ အိန္ဒိယ၏ ထုတ်လုပ်မှု အခြေအနေ မြင့်တက်မှုသည် ဆန်စပါးကဏ္ဍနှင့်စပ်လျဉ်း၍ ကမ္ဘာတစ်ဝန်းသက်ရောက်မှု ကြီးမားလာမည် ဖြစ် ပါသည်။

          ၂၀၂၂ခုနှစ်မှ ၂၀၂၃ခုနှစ်အထိ အိန္ဒိယ၏ တင်ပို့မှုကန့်သတ်ချက်များအရ ပြီးခဲ့သည့်မတ်လ တွင် နောက်ဆုံးဆန်တင်ပို့မှု တားမြစ်ချက်ကို ဖြေလျှော့ခဲ့သည့်အတွက် ကမ္ဘာ့ဈေးကွက်အတွင်း ဆန်ဝင်ရောက်မှု များပြားလာကာ ၂၀၂၅ခုနှစ်တွင် ဆန် မက်ထရစ်တန်ချိန် ၂၃.၅ သန်းနီးပါး တင် သွင်းမည်ဟု လေ့လာမှုအရ ခန့်မှန်းထားကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လကုန်အထိ အိန္ဒိယ တစ်နိုင်ငံတည်းက ဆန်မက်ထရစ်တန်ချိန် ၁၄.၇ သန်းကျော်တင်ပို့ခဲ့ရာ အဆိုပါ ကာလတူ တွင် ထိုင်းနှင့် ဗီယက်နမ်တို့က တင်ပို့ခဲ့သည့် မက်ထရစ်တန်ချိန် ၄.၇ သန်းနှင့် မက်ထရစ်တန်ချိန် ၆ သန်းတို့ထက်များပြားပြီး ကမ္ဘာ့ဆန်ဈေးနှုန်းကို ကျဆင်းစေခဲ့‌ပါသည်။

          အိန္ဒိယသည် ဆန်ဈေးနှုန်းသတ်မှတ်သူအဖြစ် ဦးဆောင်လာခြင်းနှင့်အတူ နှစ်ပေါင်းများစွာ ရိုက်ခတ်ခဲ့သည့် ကမ္ဘာ့ဆန်ဈေးနှုန်းများအား ၂၀၂၅ ခုနှစ်တွင် ကျဆင်းလာအောင် ဆောင်ရွက်ခဲ့ ကြောင်း လေ့လာမှုတွင် ဖော်ပြထားပါသည်။ ဈေးနှုန်းချိုသာသည့် ဆန်များကြောင့် အာဖရိကနှင့် အာရှကဲ့သို့ ဆန်တင်သွင်းသည့်နိုင်ငံများမှ အကျိုးဖြစ်ထွန်းခဲ့ကြောင်း၊ သို့ရာတွင် ပြိုင်ဖက်တင်ပို့သူ များ၏ ယှဉ်ပြိုင်မှုအခြေအနေ မှေးမှိန်လာကြောင်း၊ ဈေးနှုန်းကျဆင်းမှုသည် အာရှနိုင်ငံများရှိ လယ် သမားများအား နစ်နာမှုဖြစ်ပေါ်စေကြောင်း၊ လေ့လာမှုအရ အိန္ဒိယနိုင်ငံတွင် သိုလှောင်မှုပမာဏ မြင့်မားခြင်း၊ သိုလှောင်ရုံစွမ်းရည် ကျပ်တည်းလာခြင်းနှင့် စပါးသီးနှံအသစ်များ ဆက်တိုက်ရရှိလာ ခြင်းတို့ကြောင့် ကမ္ဘာ့ဆန်ဈေးနှုန်းများကို ထပ်မံဖိအားပေးကာ နိမ့်ကျစေဦးမည်ဟု ဖော်ပြထား သည်။

          ကမ္ဘာတစ်ဝန်းတွင် ဆန်ထုတ်လုပ်မှု များပြားလာခြင်းကြောင့် ၂၀၂၆ ခုနှစ်အထိ ဆန်ဈေး နှုန်း ဆက်လက်ကျဆင်းမည့် အလားအလာရှိနေသည်ဟု လေ့လာမှုအရ သိရှိရပါသည်။ ကမ္ဘာ့ဆန် သိုလှောင်မှုနှင့် စားသုံးမှုအချိုးသည် ၃၄ ရာခိုင်နှုန်းထက် ကျော်လွန်နေပြီး ခေတ်သစ်ကာလတွင် အမြင့်ဆုံးအခြေအနေများထဲမှ တစ်ခုဖြစ်ကြောင်း၊ ယနေ့ရောက်ရှိနေသည့် ပမာဏသည် ထုတ် လုပ်မှု ပိုလျှံခြင်းကို အလွန်အကျူးဖြစ်စေကြောင်း၊ ကမ္ဘာ့ဆန်ထုတ်လုပ်မှုသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် မက်ထရစ်တန်ချိန် ၅၄၁ သန်းဖြင့် စံချိန်တင်မြင့်တက်လျက်ရှိပြီး သိုလှောင်မှု ပမာဏလည်း မြင့်တက်လျက်ရှိသည့်အတွက် ‌ဈေးကွက်တွင် ကြီးမားစွာနေရာယူထားဦးမည်ဖြစ် ကြောင်း သိရှိရပါသည်။

          ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားကဲ့သို့ ဆန်အမြောက်အမြားတင်သွင်းသည့် နိုင်ငံများအနေဖြင့် ပြည်တွင်းထုတ်လုပ်သူများကို ကာကွယ်ပေးရန်အတွက် ဆန်ဝယ်ယူမှုများကို လျှော့ချလျက်ရှိ ကြောင်း၊  အစောပိုင်းကာလများအတွင်း သိုလှောင်မှုများ ဆောင်ရွက်ပြီးဖြစ်ရာ ဈေးကွက်ဝယ်လို အားလျော့နည်းနေခြင်းသည် ရေတိုဖြစ်ပေါ်လာသည့် ဈေးနှုန်းပြောင်းလဲမှုကို များစွာသက်ရောက် မှုမရှိကြောင်း လေ့လာမှုတွင်‌ ဖော်ပြထားပါသည်။

Source: Business Mirror, 05 September 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)