Main menu

အရှေ့ဒဂုံမြို့နယ်၊ အမှတ်(၂)ဈေးတွင် ငရုတ်ဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ

Powered by Drupal

        (၂၆-၈-၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည်(စစ်ဆေးရေးအရာရှိ)နှင့်ဝန်ထမ်းများ၊ ဈေးတာဝန်ခံနှင့်ဝန်ထမ်းများသည် အရှေ့ဒဂုံမြို့နယ်၊ အမှတ်(၂)ဈေး အတွင်းရှိ ကုန်စုံဆိုင်များသို့  သွားရောက်၍ ငရုတ်ဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသာ ငရုတ်ဆီများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များဖြစ်သော ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး (သို့) ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များပါဝင်မှု ရှိ/မရှိတို့ကို ကွင်းဆင်းစစ် ဆေးခဲ့ရာဈေးကွက်အတွင်းရှိ Chill Garfic (ကြက်သွန်ဖြူငရုတ်ဆီ)၊ BRAVO ငရုတ်ဆီ၊  MAEJN (ထိုင်းငရုတ်ဆီ)အစရှိသည့် ငရုတ်ဆီများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)