
ဗီယက်နမ်နိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမခုနစ်လအတွင်း ကုန်သွယ်မှုပိုငွေ အမေရိကန် ဒေါ်လာ ၉.၇ ဘီလီယံ စံချိန်တင်ခဲ့ကြောင်း ဗီယက်နမ်စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနမှ သြဂုတ်လ ၂၅ ရက်နေ့တွင် ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။
ဗီယက်နမ်နိုင်ငံ၏ ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၆၁.၈ ဘီလီယံခန့်ရှိပြီး တစ်နှစ် ထက်တစ်နှစ် ၁၄.၆ ရာခိုင်နှုန်း တိုးမြင့်လာပြီး နှစ်စဉ်ပို့ကုန်တိုးတက်မှု လျာထားချက်ထက် ကျော်လွန်လျှက်ရှိသည်။
အလားတူကာလအတွင်း သွင်းကုန် ၁၇.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ပို့ကုန်ထုတ်လုပ်မှုတွင် အသုံးပြုသည့် ကုန်ကြမ်းလိုအပ်ချက် မြင့်တက်လာခြင်းကြောင့် ဒေါ်လာ ၂၅၂.၁ ဘီလီယံအထိ မြင့်တက်လာခဲ့သည်။
ပျမ်းမျှလစဉ် ပို့ကုန်တန်ဖိုးသည် ဒေါ်လာ ၃၇.၄ ဘီလီယံရှိပြီး ဇူလိုင်လတစ်လတည်းတွင် စံချိန်တင်ဒေါ်လာ ၄၁.၆ ဘီလီယံကျော်အထိ ရောက်ရှိခဲ့သည်။
Source : Xinhua
DOCA(ရန်ကုန်)