Main menu

ပေါ်ဦးပေါ်ဖျား ပိန်းဥဈေးကွက်

Powered by Drupal

   ပြည်ခရိုင်၊ ပြည်မြို့တွင် စက်တင်ဘာလပထမပတ်မှစ၍ ပိန်းဥများဈေးကွက်ထဲသို့ အများ အပြားဝင်ရောက်လျှက်ရှိပါသည်။ ဈေးကွက်ထဲတွင်ရောင်းချနေသော ပိန်းဥအမျိုးအစား(၂) မျိုးရှိပါ သည်။ ပြည်မြို့အနီး နတ်တလင်းမြို့နယ်မှ ဝင်ရောက်လာသည့် နတ်တလင်းပိန်းဥနှင့် ရှမ်းပြည်နယ် ဘက်မှ ဝင်ရောက်လာသော ရှမ်းပိန်းဥများဖြစ်ပါသည်။ နတ်လင်းမြို့နယ်ဘက်မှ ထွက်ရှိသော ပိန်းဥ ဈေးမှာ တစ်ပိဿာလျှင် ၂၂၀၀ကျပ် နှင့် ရှမ်းပြည်နယ် ဘက်မှ ဝင်ရောက်လာသော ရှမ်းပိန်းဥဈေးမှာ တစ်ပိဿာလျှင် ၁၈၀၀ကျပ် တို့ဖြင့်ရောင်းချသဖြင့် ပိန်းဥမှာ ပေါ်ဦးပေါ်ဖျားတွင် ဈေးကောင်းရပြီး  အရောင်းအဝယ်မှာလည်းမြင့်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)