
အမေရိကန်နိုင်ငံသည် သြဂုတ်လ ၇ ရက်နေ့မှစတင်၍ အင်ဒိုနီးရှားနိုင်ငံမှ တင်သွင်းသော စားအုန်းဆီ၊ ကိုကိုးနှင့် ရာဘာ တင်ပို့မှုအပေါ် အကောက်ခွန် ၁၉ ရာခိုင်နှုန်းကောက်ခံရာမှ လွတ်ငြိမ်းခွင့် သဘောတူညီလိုက်ကြောင်း အရှေ့တောင်အာရှနိုင်ငံများ၏ အကောက်ခွန်ညှိနှိုင်း ရေးခေါင်းဆောင်တစ်ဦး၏ ပြောကြားချက်အရ သိရပါသည်။ အဆိုပါ ကင်းလွတ်ခွင့်သည် နှစ်နိုင်ငံ ကြားသဘောတူညီမှု အဆုံးသတ်ချိန်တွင် စတင်အသတ်ဝင်မည်ဖြစ်ကြောင်း စီးပွားရေးဝန်ကြီး Airlangga Hartarto က ပြောကြားခဲ့ပါသည်။ အကောက်ခွန်ဆိုင်ရာဆွေးနွေးခြင်းများ ပြုလုပ်ခြင်းသည် အင်ဒိုနီးရှားနိုင်ငံ၏ ရေနံသိုလှောင်မှုတွင် အမေရိကန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုအလားအလာ အတွက်အရေးပါပြီး နိုင်ငံပိုင်စွမ်းအင်စက်ရုံ Pertamina တို့နှင့် ဆွေးနွေးသင့်ကြောင်း Airlangga က ပြောကြားခဲ့ပါသည်။ အဆိုပါရေနံထွက်ရှိသည့် ဒေသသည် အင်ဒိုနီးရှားနိုင်ငံ၏ အကြီးမားဆုံး စီးပွားရေးဒေသဖြစ်ပြီး Jakarta သည် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံများကဲ့သို့ အမေရိကန်နိုင်ငံ၏ အကောက်ခွန်တိုးမြှင့် စည်းကြပ်မှုနှင့် ရင်ဆိုင်ခဲ့ရကြောင်း သိရပါသည်။ အဆို ပါဆွေးနွေးပွဲအပြီးတွင် အင်ဒိုနီးရှားနိုင်ငံ သည် အမေရိကန်နိုင်ငံသို့ ဒေါ်လာ ဘီလီယံချီသော ရင်းနှီးမြှုပ်နှံမှုများကို ကမ်းလှမ်းခဲ့ပြီး အမေရိကန်နိုင်ငံမှ ရေနံ၊ LPG၊ လေယာဥ်ပျံများနှင့် လယ်ယာ ထုတ်ကုန်များကို ဝယ်ယူခဲ့ကြောင်း သိရပါသည်။ ထို့အပြင် အမေရိကန်နိုင်ငံ၏ ကုန်ပစ္စည်း အားလုံးအပေါ်တွင် အခွန်လွတ်ငြိမ်းခွင့်ပြု မည်ဖြစ်ကြောင်း အဆိုပါဆွေးနွေးပွဲတွင် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Source: The Daily Star
DOCA (ရန်ကုန်)