
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုးနှင့် ဝန်ထမ်းများသည် (၂၉.၈.၂၀၂၅)ရက်နေ့၊ နံနက်(၇:၃၀)အချိန်တွင် မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေး ကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းရုံးရှေ့တွင် ဆန်၊ စားအုန်းဆီ၊ ကြက်ဥတို့ကို သက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ပါသည်။
ထိုသို့ရောင်းချပေးရာတွင် စားသုံးသူပြည်သူများအား ကြက်ဥတစ်လုံးကို(၃၅၀)ကျပ်၊ ဆန်တစ်ပြည်ကို (၂၀၀၀)ကျပ်၊ ဆီတစ်ပိဿာကို(၇၀၀၀)ကျပ် အစရှိသည့် ဈေးနှုန်းများဖြင့် စားသုံးသူပြည်သူများအား မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ရန် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)