
ဗီယက်နမ်နိုင်ငံအလယ်ပိုင်း Gia Lai ပြည်နယ်သည် ၎င်း၏အဓိကစိုက်ပျိုးရေးထုတ်ကုန်များကို တရုတ်သို့တင်ပို့မှုမြှင့်တင်ရန်ကြိုးပမ်းမှုအနေဖြင့် ကုန်သွယ်မှုမြှင့်တင်ရေးအလုပ်ရုံ ဆွေးနွေးပွဲကို Pleiku မြို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။ ၎င်းသည် Gia Lai ပြည်နယ်က ၎င်းတို့၏ ကြီးမားသောစားသုံးသူဈေးကွက်သို့ စိုက်ပျိုးရေးထုတ်ကုန်များတရားဝင်တည်ငြိမ်စွာ တင်ပို့နိုင်ရန် သိသာထင်ရှားသောအရွေ့တစ်ခုဖြစ်ကြောင်း သိရပါသည်။ ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန၏အဆိုအရ ပြည်နယ်သည် စိုက်ပျိုးနိုင်သောမြေနေရာ ၉၇၇၀၀၀ ဟတ်တာရှိပြီး ဟတ်တာ ၇၅၃၀၀၀ သည်စက်မှုလုပ်ငန်းသုံးသီးနှံများ၊ သစ်သီးများနှင့် ဆေးဘက်ဆိုင်ရာအပင်များစိုက်ပျိုးရန် သင့်တော်သောမြေဩဇာကို ပိုင်ဆိုင်ထားကြောင်း သိရပါသည်။ ပြည်နယ်၏ အဓိကထုတ်ကုန်များတွင် ကော်ဖီ၊ ငှက်ပျောသီး၊ ပင်မှည့်သီးနှင့် ဒူးရင်း သီးတို့ပါဝင်ပြီး အများစုမှာ နိုင်ငံတကာအသိအမှတ်ပြုစံနှုန်းများကို ပိုင်ဆိုင်ထားကြောင်း သိရပါ သည်။ Gia Lai သည်လည်း ဖရဲသီး၊ နဂါးမောက်သီး၊ ထောပတ်သီးနှင့် red reishi၊ reishi mushroom၊ ဂျင်းနှင့် စပါးလင်ကဲ့သို့သော တန်ဖိုးမြင့်ဆေးဘက်ဆိုင်ရာသီးနှံများကို စိုက်ပျိုးမှု တိုးချဲ့နေကြောင်း သိရပါသည်။ အရည်အသွေးနှင့် စံနှုန်းလိုအပ်ချက်များပြည့်မီရန် ပြည်နယ်သည် စိုက်ခင်းဧရိယာကုဒ် ၂၄၈ ခုကိုခွင့်ပြုခဲ့ပြီး နေ့စဉ် တန်ချိန် ၁၈၀၀ ထုတ်ပိုးနိုင်စွမ်းရှိသော ထုတ်ပိုး သည့်စက်ရုံ ၄၀ ကိုတည်ထောင်ခဲ့ကာ တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့မှုများအတွက် ခိုင်မာသော အခြေခံအုတ်မြစ်ကို ဖန်တီးခဲ့ကြောင်း သိရပါသည်။ ပြည်နယ်ပြည်သူ့ကော်မတီဒုတိယဥက္ကဌ Nguyen Tuan Khanh က တရုတ်သည် ဗီယက်နမ်၏အကြီးမားဆုံးကုန်သွယ်ရေးမိတ်ဖက်ဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် အပြန်အလှန်ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၇၁ ဘီလီယံရှိကြောင်း ပြောကြားခဲ့ပါသည်။ Gia Lai ပြည်နယ်အတွက် တင်းကျပ်သောအရည်အသွေးထိန်းချုပ်မှုနှင့် မူရင်းမှန်ကန်ကြောင်း အသိအမှတ်ပြုချက်လိုအပ်သည့် တရုတ်သည် စိုက်ပျိုးရေးနှင့် သစ်တော ထုတ်ကုန်များတင်ပို့မှုအတွက် အရေးပါသောဈေးကွက်တစ်ခုဖြစ်ကြောင်း သိရပါသည်။ တရုတ် ဈေးကွက်လိုအပ်ချက်သည် ကွဲပြားပြီး Gia Lai ပြည်နယ်သည် ကော်ဖီ၊ ဒူးရင်း၊ ပင်မှည့်သီး၊ ငရုတ် ကောင်းအနက်နှင့် အုန်းသီးတို့ပါဝင်သည့် ထုတ်ကုန်များတွင် ယှဉ်ပြိုင်နိုင်စွမ်းရှိကြောင်း သိရပါ သည်။ တရုတ်နိုင်ငံ Guangxi Zhuang ဒေသ၏ Big Data Development Bureau မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် Zhu Houyan က ထုတ်လုပ်သည့်ပမာဏအပေါ်ပွင့်လင်းမြင်သာသည့်အချက် အလက်၊ ကောက်ရိတ်သိမ်းချိန်အချိန်ဇယား၊ ထုတ်ပိုးမှု၊ ကုန်အညွှန်းအမှတ်အသားနှင့် အကောက်ခွန်ကိစ္စအချိန်တိုတောင်းခြင်း၊ ထောက်ပံ့ပို့ဆောင်ရေးကုန်ကျစရိတ်ဖြတ်တောက်ခြင်း နှင့် တည်ငြိမ်သောရောင်းချနိုင်စွမ်းတို့၏ အရေးပါမှုကို အသားပေးပြောကြားခဲ့ကြောင်း သိရပါ သည်။ ထို့ပြင် Houyan က AI စွမ်းအင်သုံးစိုက်ပျိုးရေး၊ သုတေသန၊ ဖွံဖြိုးတိုးတက်ရေးမှ ကုန်သွယ်ရေးတိုးချဲ့ရန်လေ့ကျင်ခြင်းတို့တွင် ပူးပေါင်းဆောင်ရွက်ရန်အခွင့်အလမ်းများကို ပြောကြားခဲ့ကြောင်းလည်း သိရပါသည်။ ဗီယက်နမ်နိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန အောက်ရှိ ဆန်းသစ်တီထွင်မှု၊ အစိမ်းရောင်အသွင်ကူးပြောင်းမှုနှင့် စက်မှုမြှင့်တင်ရေးအေဂျင်စီမှ ဒုတိယညွှန်ကြားရေးမှူး Do Thi Minh Tram က တရုတ်သည် စိုက်ပျိုးမွေးမြူရေး-ရေလုပ်ငန်း-သစ်ထုတ်ကုန်များအတွက် တည်ငြိမ်သောဝယ်လိုအားရှိသည့်ဈေးကွက်တစ်ခုဖြစ်ကြောင်း၊ ဝန်ကြီးဌာနသည် ထုတ်ကုန်အရည်အသွေးတိုးတက်ရန်နှင့် ဒေသခံများအား တရုတ်ဈေးကွက်ကို ထိရောက်စွာနှင့် အပြည့်အဝအသုံးချနိုင်ရန်ကူညီပေးမည့် စီမံချက်များဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ကွန့်ဖရန့်မူဘောင်တွင် နှစ်ဖက်စလုံးမှလုပ်ငန်းများသည် MoU များ ရေးထိုးခဲ့ကြပြီး လာမည့်အချိန်တွင် စဉ်ဆက်မပြတ်ပူးပေါင်းဆောင်ရွက်ရန် အလားအလာများကို တံခါးဖွင့်လှစ်ခဲ့ကြောင်း သိရပါသည်။
Vietnam Plus
DOCA (ရန်ကုန်)