
ဗီယက်နမ်လုပ်ငန်းများကထုတ်ကုန်များကြော်ညာရန်၊ ဩစတေးလျဈေးကွက်ဦးတည်ရာ လမ်းကြောင်းရှာဖွေရန်နှင့် အပြန်အလှန်စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုချိတ်ဆက်ရေးအရှိန်မြှင့်တင် ရန်ကူညီပေးနိုင်မည့် ဗီယက်နမ်နိုင်ငံ Dien Bien ပြည်နယ်၏ Hue မြို့တော်နှင့် Tay Ninh ပြည်နယ်အား ဩစတေးလျမိတ်ဖက်များနှင့် ချိတ်ဆက်ပေးမည့် အလုပ်ရုံဆွေးနွေးပွဲကို ဩစတေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် ကျင်းပခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနအောက်ရှိ နိုင်ငံခြားရေးရာနှင့် ယဉ်ကျေးမှုသံတမန်ရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် အခမ်းအနားတွင် ဆစ်ဒနီရှိ ဗီယက်နမ်ကောင်စစ်ဝန်ချုပ် Nguyen Thanh Tung က ဒေသ တွင်းအဆင့်သံတမန်ရေး၏ အခန်းကဏ္ဍသည် ဗီယက်နမ်ပြည်နယ်များအား နိုင်ငံခြားမိတ်ဖက် များနှင့်ချိတ်ဆက်ရာတွင် အားကောင်းစေရန်အတွက် ပြောင်းလဲပြင်လွယ်ရှိပြီး ထိရောက်သော လမ်းကြောင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ Tung ကကောင်စစ်ဝန်ချုပ်သည် အပြန်အလှန် အကျိုးကျေးဇူးရှိသောကဏ္ဍများတွင် ဗီယက်နမ်ဒေသခံများအား ဩစတေးလျမိတ်ဖက်များနှင့် ချိတ်ဆက်ရာတွင် ပံ့ပိုးပေးမည့် ပေါင်းကူးတံတားသဖွယ်ဆောင်ရွက်မည်ဟု ပြောကြားခဲ့ပါသည်။ ယခင်ဗီယက်နမ်နိုင်ငံဆိုင်ရာ ဩစတေးလျသံအမတ် Andrew Goledzinowski ကနှစ်နိုင်ငံ၏ ကြီးထွားလာသောကုန်သွယ်ရေးဆက်ဆံမှုကိုအသားပေးပြောကြားခဲ့ပြီး တင်ပို့မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဆက်လက်တိုးချဲ့ရန် ခန့်မှန်းခဲ့ကြောင်း သိရပါသည်။ Mr Andrew က နည်းပညာ၊ ပညာရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် စွမ်းအင်အစရှိသည့် အဓိကဧရိယာများတွင် ဗီယက်နမ်၌ ရင်းနှီးမြှုပ်နှံမှု၏ အရေးပါမှုကို အသားပေးပြောကြားခဲ့ကြောင်း သိရပါသည်။ Hue၊ Dien Bien နှင့် Tay Ninh မှ ကိုယ်စားလှယ်များကလည်း ၎င်းတို့၏စီးပွားရေးအရေးသာမှုများကို တင်ပြခဲ့ကြပြီး ခရီးသွား ကဏ္ဍမှ ကုန်ထုတ်လုပ်မှုထိကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန်နည်းလမ်းများကိုရှာဖွေခဲ့ ကြောင်း သိရပါသည်။ ဩစတေးလျကိုယ်စားလှယ်များက ဗီယက်နမ်၏စီးပွားရေးအရှိန်အဟုန် ဖြင့်မြင့်တက်လာမှုနှင့် အရှေ့တောင်အာရှတွင် ဗျူဟာမြောက်တည်ရှိမှုကို အမွှမ်းတင်ပြောကြားခဲ့ ကြောင်း သိရပါသည်။ ဩစတေးလျစီးပွားရေးခေါင်းဆောင်များက ဗီယက်နမ်စွမ်းအင်ချွေတာရေးနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍများတွင် ၎င်းတို့၏စိတ်ဝင်စားမှုကိုပြသခဲ့ကြောင်း သိရပါသည်။ C-Coat Insulation Australia မှ ညွှန်ကြားရေးမှူး Serge Popovic က ၎င်း၏ကုမ္ပဏီသည် ဒေသတွင်း လုပ်ငန်းများနှင့် မိတ်ဖက်ဖွဲ့ကာ ဗီယက်နမ်တွင်တိုးချဲ့ရန်မျှော်လင့်ထားပြီး စက်ရုံဖွင့်လှစ်ရန် အလားအလာရှိကြောင်း ပြောကြားခဲ့ပါသည်။ Business New South Wales မှ Nigel Palmer က ပညာရေး၊ သိပ္ပံနှင့် ဆန်းသစ်တီထွင်မှုတွင် ကြီးမားစွာပူးပေါင်းဆောင်ရွက်ရန်တောင်းဆိုခဲ့ပြီး ကာလကြာရှည်တက္ကသိုလ်မိတ်ဖက်ဖွဲ့ရန် ပြောကြားခဲ့ကြောင်း သိရပါသည်။ အခမ်းအနားကို ဗီယက်နမ်၏ Phuong Nam Panel နှင့် ဩစတေးလျ၏ Pistis Group ကြားပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်လက်မှတ်ရေးထိုးခြင်းနှင့် အဆုံးသတ်ခဲ့ကြောင်း သိရပါသည်။
Vietnam plus
DOCA (ရန်ကုန်)