Main menu

အမေရိကန်နိုင်ငံတွင် လုပ်ငန်းဆောင်ရွက်နေသော ဂျာမန်ကုမ္ပဏီများ၏ ထက်ဝက်ကျော်သည် ကုန်သွယ်မှုလျှော့ချရန် စီစဉ်လျက်ရှိ

Powered by Drupal

          အမေရိကန်ပြည်ထောင်စုတွင် လုပ်ငန်းလည်ပတ်လျက်ရှိသော ဂျာမန်ကုမ္ပဏီများ၏ ထက်ဝက်ကျော်သည် EU-US အကောက်ခွန် သဘောတူညီချက်အသစ်ကြောင့် နိုင်ငံနှင့် ကုန်သွယ်မှုကို လျှော့ချရန်စီစဉ်နေကြောင်း ဂျာမန်စက်မှုလက်မှုနှင့်ကုန်သည်ကြီးများ အသင်း (DIHK) ၏ စစ်တမ်းတစ်ရပ်က သြဂုတ်လ ၂၆ ရက်နေ့တွင် ဖော်ပြခဲ့သည်။ ဂျာမန် ကုမ္ပဏီ ၃,၅၀၀ ခန့်အား စစ်တမ်းကောက်ယူမှုအရ ကုမ္ပဏီ ၅၅ ရာခိုင်နှုန်းမှ အဆိုပါသဘော တူညီချက်အား ဥရောပစီးပွားရေးအတွက် ဝန်ထုပ်ဝန်ပိုးအဖြစ်မြင်ကြပြီး အမေရိကန်လုပ်ငန်း လုပ်ကိုင်သူ ၅၄ ရာခိုင်နှုန်းက အမေရိကန်နှင့် ကုန်သွယ်မှုလျှော့ချရန် မျှော်လင့်ထားကြောင်း တွေ့ရှိရသည်။ ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen နှင့် အမေရိကန်သမ္မတ Donald Trump တို့ကြား ဇူလိုင်လနှောင်းပိုင်းတွင် အပြီးသတ်သဘောတူညီချက်အရ EU ပို့ကုန်အများစုအပေါ် အခွန် ၁၅ ရာခိုင်နှုန်း စည်းကြပ်ရန် အမေရိကန်က ချမှတ်ထားပြီး ဥရော ပ သံမဏိ၊ အလူမီနီယံ၊ မော်တော်ကားနှင့် မော်တော်ကားအစိတ်အပိုင်းများအပေါ် အခွန်တိုး မြှင့်ကောက်ခံနေပြီဖြစ်သည်။ DIHK အမှုဆောင်ချုပ် Helena Melnikov က အဆိုပါ ဆောင်ရွက်မှုများသည် ဂျာမန်ပို့ကုန်လုပ်ငန်းရှင်များအပေါ် သိသိသာသာ ထိခိုက်ပျက်စီးစေခဲ့ ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။ တည်ငြိမ်သော စီးပွားရေးဆက်ဆံရေးနှင့် ဆွဲဆောင်မှုရှိသော ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်ကို မြှင့်တင်မည့်အစား အမေရိကန်ပြည်ထောင်စုသည် အခွန်စည်းကြပ်မှုများနှင့်  မသေချာမရေရာသော စီးပွားရေးအခြေအနေများကို ထိန်းသိမ်းသင့်ကြောင်း ၎င်းကဆိုသည်။ Trump ၏ အကောက်ခွန်ပေါ်လစီသည် အမေရိကန်တွင် လုပ်ကိုင်သည်ဖြစ်စေ ဂျာမန်စီးပွားရေးလုပ်ငန်းများတွင် မသေချာမရေရာမှုများတိုးပွားလာစေသည်ဟု Treier မှပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua

DOCA (ရန်ကုန်)